၂၀၂၃ ခုနှစ်၊ (၂၉)ကြိမ်မြောက် ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ (၂၉)ကြိမ်မြောက် ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၄

၂၀၂၃ ခုနှစ်၊ (၂၉)ကြိမ်မြောက် ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား ဗိုလ်မှူးချုပ် စိုးတင်လတ် တက်ရောက်အမှာစကားပြောကြားပြီး တပ်မတော်(လေ)မှ အရာရှိ ကြီးများ၊  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မင်္ဂလာဒုံ တပ်နယ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်စိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ၎င်းပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ဖြင့် စက်တင်ဘာ ၈ ရက် ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။