ကျိုင်းတုံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(စိန်ပန်းကျောင်းတိုက်)၌ (၁၁) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းဖွင့်ပွဲ ကျင်းပ

ကျိုင်းတုံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(စိန်ပန်းကျောင်းတိုက်)၌ (၁၁) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၅                                        

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း(စိန်ပန်းကျောင်းတိုက်)၏ (၁၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့နယ်၊ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြု သော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်း သားများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူစောင့်တည်ကြသည်။ ထို့နောက် ကျောင်းထိုင် ဘုန်းကြီး သင်တန်းသား ဆရာတော် ဘဒ္ဒန္တဉာဏဝရ က  ပဌာန်းတရားတော်ကို ရွတ်ဖတ်ပူဇော်ရန် ပဌာန်းအမွှမ်းဂါထာကို ရွတ်ဖတ်ပြီး သံဃာတော်များနှင့် တက်ရောက် လာကြသူများက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သံပြိုင်ရွတ်ဆို ပူဇော်ကြသည်။ ယင်းနောက် အလှည့်ကျ ဆရာတော်က ပဌာန်းကျမ်းမြတ်ကို ရွတ်ဖတ်ပူဇော်သည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။