နိုဝင်ဘာ ၁၂ ရက်က အင်္ဂလန်အသင်းကို ဝင်ဘလေကွင်း၌ သုံးဂိုးပြတ်ရှုံးခဲ့ သည့် အိုင်ယာလန်အသင်းမှ ကွင်းလယ်ကစားသမား အလန်ဘရောင်နီသည် ထိုပွဲတွင် မိနစ် ၉၀ စလုံးပါဝင်ကစားခဲ့ပြီး နောက်တစ်ရက် ဆေးစစ်မှု အဖြေထွက်ပေါ်လာရာ COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ကျန်အသင်းသားများနှင့်ခွဲပြီး တစ်ဦးတည်း သီးခြားနေထိုင် ကုသနေရပြီ ဖြစ်သည်။
ထိုသတင်းကြောင့် အင်္ဂလန်အသင်းသားများအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပြီး နိုဝင်ဘာ ၁၃ ရက်က ယူအီးအက်ဖ်အေ၏ လုပ်ရိုးလုပ်စဉ် ဆေးစစ်မှုများ ခံယူခဲ့ကာ နိုဝင်ဘာ ၁၅ ရက် ဘယ်လ်ဂျီယံနှင့် နေးရှင်းလိဂ်ပွဲမတိုင်မီ အဖြေထွက်မည်ဖြစ်ရာ မည်သူမျှကူးစက် မခံရရန် နည်းပြ ဆောက်ဂိတ်ပူပန်နေရသည်။ အင်္ဂလန်သည် နိုဝင်ဘာ ၁၅ ရက်ည ဘယ်လ်ဂျီယံနှင့် အဝေးကွင်းပွဲအပြီး နိုဝင်ဘာ ၁၈ ရက်တွင် အိုက်စလန်နှင့် ဝင်ဘလေကွင်း၌ ကစားရဦးမည် ဖြစ်သည်။
Ref:Dailymail