မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်းတို့၌ နိုင်လွန်ကတ္တရာလမ်း သစ်များ ဖွင့်ပွဲပြုလုပ်

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်းတို့၌ နိုင်လွန်ကတ္တရာလမ်း သစ်များ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊၂၀၂၃ စက်တင်ဘာ - ၆

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက် လမ်းတို့၌  နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပိတောက်လမ်း မုဒ်ဦး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုင်လွန်ကတ္တရာလမ်းသစ်များ နှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ် များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်များအား လိုက်လံကြည့်ရှုစစ်ဆေးကြ သည်။

          အဆိုပါ နိုင်လွန်ကတ္တရာလမ်းသစ်များအနေဖြင့် ကုက္ကိုလ်လမ်းသည် အကျယ် ၁၈ ပေ၊ ထု ၃ လက်မခွဲ၊ အရှည် ၂၄၇၀ ပေနှင့် ပိတောက်လမ်းသည် အကျယ် ၁၈ ပေ၊ ထု ၃ လက်မခွဲ၊ အရှည် ၂၄၆၀ ပေတို့ အသီးသီးရှိကြကြောင်း သတင်းရရှိသည်။