အန့်တဝပ်အသင်းနှင့် ယူရိုပါလိဂ်ပွဲကစားချိန်နောက်ကျမှု စပါးအသင်းကို ယူအီးအက်ဖ်အေ ဒဏ်ရိုက်

အောက်တိုဘာ ၂၉ ရက်က ဘယ်လ်ဂျီယံမြေသို့သွားပြီး အန့်တဝပ်အသင်းနှင့် ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် စပါး အသင်းသည် ပွဲစရန်  သတ်မှတ်ထားချိန် အမီထွက် ကစားနိုင်ခြင်းမရှိဘဲ နောက်ကျ ခဲ့သည့်အတွက် ဥရောပဘောလုံး အဖွဲ့ချုပ် ယူအီးအက်ဖ်အေက နိုဝင်ဘာ ၁၃ ရက်တွင် တာဝန်ရှိသော စပါးနည်းပြမော်ရင်ဟိုကို ဥရောပပွဲတစ်ပွဲ ဆိုင်းငံ့ပိတ်ပင်မှုနှင့် စပါးအသင်းကို ဒဏ်ကြေး ယူရို ၂၅၀၀၀ နှင့် ယူအီးအက်ဖ်အေ အသုံးအဆောင် ပစ္စည်းစည်းမျဉ်းဥပဒေ ချိုးဖောက်မှုကြောင့် နောက်ထပ် ယူရို ၃၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။

စပါးအသင်းသည် အန့်တဝပ်နှင့်ပွဲတွင် ၁ ဂိုး- ဂိုးမရှိဖြင့်ရှုံးခဲ့ရပြီး မော်ရင်ဟိုသည် ပွဲထွက်စာရင်းတွင် အရန်ကစား သမားများကို  ထုတ်သုံးခဲ့ရာ  ခြေစွမ်းညံ့ဖျင်းလွန်း၍ ပထမပိုင်းအပြီး ကစားသမားလေးဦးအထိ တစ်ပြိုင်တည်း ပြန်လဲခဲ့သည်။

ယခုပြစ်ဒဏ်သည် အမိန့်ထုတ်ပြန်သည့် ရက်မှ တစ်နှစ်အထိ ဆိုင်းငံ့ပေးထားပြီး မော်ရင်ဟိုအနေဖြင့်  ထိုတစ်နှစ်အတွင်း ပြစ်ဒဏ်ထပ်မကျူးလွန်ပါက    ပြစ်ဒဏ် ပျက်ပြယ်မည်ဖြစ်သည်။     

Ref:BBC