ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၆

          ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သာယာရေကူး ကန်၌ ပြုလုပ်ရာ ပုသိမ်လေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

          ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား ပုသိမ်လေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးကြသည်။

          အဆိုပါ ရေကူးပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်း ဌာနချုပ်နှင့် လေတပ်စခန်းများမှ လူသစ်တန်းနှင့် အကြီးတန်း အပါ အဝင် ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် စက်တင်ဘာ ၁၂ ရက်အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။