အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၆

          အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

          အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင် (အမျိုးသား/အမျိုးသမီး)အသင်း ၁၀ သင်းစီဖြင့် စက်တင်ဘာ ၁၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။