360 Fight Club V မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်မှစ၍ ရန်ကုန်မြို့၌ ကျင်းပမည်

360 Fight Club V မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်မှစ၍ ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်၊ အားကစား

360 Fight Club V   မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မျိုးဆက်သစ်အောင်လံပွဲ   ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်များ ကို စက်တင်ဘာ ၁၀ ရက်မှစ၍ ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

360 Fight Club V မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မျိုးဆက်သစ်အောင်လံပွဲ   ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်များ ကို စုစုပေါင်းတွဲဆိုင်းကိုးဆိုင်း    ထည့်သွင်းကျင်းပမည်ဖြစ်ပြီး   အမျိုးသမီး (၅၁) ကီလိုတန်းပွဲစဉ်အဖြစ် နော်အယ်လီ(Holy Power)နှင့် ပန်ပန် (YFC) တို့  ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသား (၅၁)ကီလိုတန်းပွဲစဉ်အဖြစ် ဗန်လု (Holy Power)နှင့် စိုးလင်းထွန်း(129 Club)၊  ၅၄- ၅၇  ကီလိုတန်းပွဲစဉ်အဖြစ်  ရဲကျော်အောင်  (360 Sports) နှင့် ဇွဲရန်နိုင်လင်း(ကညောသွီး)၊ အောင်ရဲနိုင်  (Power Punch)  နှင့်    ဂျာလ (Python)၊  စောကဲဒို  (Holy Power)နှင့် ထူးစေးဝါး (ရွှေဖူး)၊  ၆၀-၆၃ ဒသမ ၅   ကီလိုတန်းပွဲစဉ်အဖြစ်   လောကွားဒူး(တော်ဝင်ရိုးရာ)နှင့် ဝင်းဗိုလ်(ရာဇဓိရာဇ်)၊ ဂေးဒို(STL)နှင့် ဂေါ်ဒိုထူး(ရိုးရာကျား)၊ ၆၇-၇၁ ကီလိုတန်းပွဲစဉ်အဖြစ် အာကာဖြိုး (Tiger Gym) နှင့် မိုက်မိုက် (ရွှေမအူပင်)၊  ဇော်သက်နောင် (Knight) နှင့်   မြတ်သူ(ကျားဘုရင်)တို့   ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ   မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲအတွက် လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်း  ငွေကျပ်  ၁၀၀၀၀  နှင့်  အထူးတန်းငွေကျပ် ၂၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

စည်သူအောင်