မြန်မာနိုင်ငံ၌ စွမ်းဆောင်ရည် ပြည့်ဝလာနိုင်မည့် လူငယ်ဘောလုံး ကစားသမားကောင်းများစွာ ရှိနေ

ဘူလ်ဂေးရီးယားနိုင်ငံသား မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့နှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြပေးလိုက်ပါသည်။

မြန်မာဘောလုံးပရိသတ်တွေကတော့ နည်းပြချုပ်ရဲ့  အသင်းအုပ်ချုပ်ပုံ၊  စိတ်အားထက်သန်မှုနဲ့ ပြုမူလှုပ်ရှားပုံတွေကို သဘောကျကြလို့ ဒီအပေါ်မှာ ဘယ်လိုထင်မြင်မိပါသလဲ။

အခုလို ကျွန်တော့်ရဲ့ မြန်မာဘောလုံးအားကစားအပေါ် အားထုတ်မှုတွေ၊ မြန်မာ ယူ-၂၂ အသင်း အောင်မြင်စေဖို့ ကြိုးစား

မှုတွေကို မြန်မာပရိသတ်တွေဘက်က နှစ်သက်တယ်ဆိုတာကြားသိရတော့ အတော်လေးပျော်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ် ကျွန်တော် မြန်မာယူ-၂၂ အသင်းကို ပထမဆုံး တာဝန်ယူရတဲ့နေ့ကတည်းက အကောင်းဆုံး ကြိုးစားခဲ့တာပါ။ လူငယ်ကစားသမားတွေကို နောက်တစ်ဆင့်ကို ရောက်ရှိစေဖို့အပြင် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊  နည်းစနစ်ပိုင်းဆိုင်ရာ၊  အထူးသဖြင့် တစ်ဦးချင်းစွမ်းရည်ပိုင်းတွေ အတွက်ပါ တိုးတက်စေဖို့ပါ။ ပြီးခဲ့တဲ့နှစ်နှစ်တာ ကာလကနေ   အခုအချိန်ထိ  ကျွန်တော့်ကစားသမားတွေ အပေါ်မှာ သူတို့ရဲ့ အားထုတ်မှုတွေ၊  ကြိုးစားမှုတွေကို  တကယ်လည်း နှစ်သက်သဘောကျမိပါတယ်။ လာမယ့်နှစ်တွေမှာလည်း လေ့ကျင့်ရေးကွင်းမှာရော  ကစားပွဲမှာပါ  အမြဲတိုးတက်နေတဲ့ လူငယ်ကစားသမားသစ်တွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၂၀၂၁ ခုနှစ် ဒါမှမဟုတ် COVID-19  ရောဂါ  ထိန်းချုပ်နိုင်တဲ့ ကာလတွေမှာ နည်းပြချုပ်အနေနဲ့ ဘယ်လိုခြေစမ်းပွဲတွေ၊  ပြိုင်ပွဲတွေ  ယှဉ်ပြိုင်သွားဖို့ ရှိပါသလဲ။

လာမယ့်နှစ်မှာ ကျွန်တော်တို့ယှဉ်ပြိုင်ရမယ့် အဓိကပြိုင်ပွဲကြီး သုံးခုရှိပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကစားရမယ့် ဗီယက်နမ်ဆီးဂိမ်း၊    စက်တင်ဘာလ ဒါမှမဟုတ် အောက်တိုဘာလမှာ ကစားရမယ့် အာရှ ယူ-၂၃ ခြေစစ်ပွဲ ပြီးတော့ ၂၀၂၁ ခုနှစ် နှစ်လည်လောက်မှာ ကျင်းပမယ့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲလည်း ရှိနေတယ်။ ဒီပြိုင်ပွဲအတွက်တော့ လူငယ်သွေးသစ်ကစားသမားတွေနဲ့  အသင်းသစ်ကို ဖွဲ့စည်းဖို့ရှိပါတယ်။ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ  အောင်မြင်မှုရဖို့အတွက်  ပြင်ဆင်မှုပိုရအောင်ပါ။

ကျွန်တော်တို့မှာတော့ ပြင်ဆင်ထားမှုတွေ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲတွေနဲ့ ခြေစမ်းပွဲတွေ ဘယ်အချိန်မှာ ကစားရမယ်ဆိုတာတော့      ကြိုခန့်မှန်းလို့ မရပါဘူး။ ကျွန်တော်တို့လည်း ပြိုင်ပွဲတွေ မြန်မြန်ပြန်စနိုင်ဖို့ မျှော်လင့် နေပါတယ်။

မြန်မာနေရှင်နယ်လိဂ်ရဲ့   ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့   မကွေးအသင်း ဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး  ဘယ်လိုထင်မြင်မိပါသလဲ။

ဒီသတင်းကိုကြားရပြီးကတည်းက ကျွန်တော်လည်း တကယ်စိတ်မကောင်းပါဘူး။ မကွေးအသင်းဆိုတာ မြန်မာဘောလုံးလောကရဲ့ ဝါရင့်ကလပ်အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက မကွေးအသင်းမှာ ကစားသမားကောင်းတွေ  တွေ့ခဲ့ရပါတယ်။  ယူ-၂၃ အသင်းအတွက်ရော လက်ရွေးစင်အသင်း အတွက်ပါ ပံ့ပိုးပေးဖို့ ကစားသမားကောင်းတွေ၊ လူငယ်တွေကို အခွင့်အရေးပေးတဲ့အတွက် တကယ်လည်း ကျေးဇူးတင်မိပါတယ်။  ပြီးခဲ့တဲ့နှစ်ကလည်း  ဇွဲကပင်ယူနိုက်တက်အသင်းရော  ချင်းယူနိုက်တက်အသင်းပါ    ဒီလိုမျိုးဖြစ်ခဲ့တာဆိုတော့ တကယ်ပဲစိတ်မကောင်းပါဘူး။ ဒီလိုကလပ် အသင်းတွေကို ကယ်တင်ဖို့ နည်းလမ်းတွေ ရှာတွေ့နိုင်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။

မြန်မာပရိသတ်တွေက မြန်မာအသင်းကို  ချန်ပီယံဆုရစေချင်တာပါ။  ဒီအပေါ်မှာရော  နည်းပြချုပ်ရဲ့  အမြင်ကို ပြောပြပါဦး။

ကျွန်တော်တို့ နည်းပြအဖွဲ့ဝင်တွေရော ကစားသမားတွေပါ ၂၀၁၉ ခုနှစ် ဆီးဂိမ်းမှာ  အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ တတိယကြေးတံဆိပ်ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။  အဲဒီပြိုင်ပွဲမှာ  ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းကတော့ ကျွန်တော်တို့အသင်းထက်လည်း ခြေစွမ်းပိုင်းကောင်းခဲ့ပါတယ်။ လာမယ့်နှစ် ဆီးဂိမ်းမှာတော့  ကျွန်တော်တို့  ဒီထက်ပိုကစားနိုင်အောင် ကြိုးစားပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လည်း ပိုမြင့်မြင့်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဗီယက်နမ်ဆီးဂိမ်းမှာ ချန်ပီယံဆုရဖို့ အစွမ်းကုန်ကြိုးစားပြီး ရယူနိုင်အောင် ကြိုးစားမယ်လို့   ပြောချင်ပါတယ်။  ကျွန်တော် ကိုယ်တိုင်ကလည်း   တခြားသူတွေထက် မြန်မာအသင်းကို ချန်ပီယံပိုဖြစ်စေချင်ပါတယ်။ ဘယ်ပြိုင်ပွဲမဆို အနိုင်ရစေချင်ပါတယ်။ မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည်ပြည့်၀ လာနိုင်မယ့် လူငယ်ဘောလုံးကစားသမား ကောင်းတွေ  များစွာရှိပါတယ်။  ဒါပေမဲ့  ဒီခေတ်မှာ ဒီအသက်အရွယ်နဲ့ ပြိုင်ပွဲတွေ မှာအနိုင်ရဖို့ထက် ပိုအရေးကြီးတာရှိပါသေးတယ်။ အဲဒါက မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားသမားကောင်းတွေ  မွေးထုတ်နိုင်ဖို့ပါ။   ကစားသမားတွေကို သူတို့လက်ရှိ အခြေအနေထက် ပိုကောင်းအောင် ပံ့ပိုးပေးဖို့ပါ။  ဖြစ်နိုင်မယ်ဆိုရင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားတို့လို ပြည်ပလိဂ်ပြိုင်ပွဲတွေမှာ ကစားနိုင်စေဖို့ပါ။

နည်းပြချုပ်ရဲ့အနှစ်သက်ဆုံး ဘောလုံး ပွဲတွေ သိလို့ရနိုင်မလား။

ကျွန်တော်တို့အနေနဲ့   ပွဲကောင်းတွေ ကစားခဲ့ကြတော့ အကောင်းဆုံးတစ်ပွဲကို ရွေးဖို့တော့  ခက်ပါတယ်။  င်္ဗၤ ပွဲမှာ ကစားခဲ့ရတဲ့   အင်ဒိုနီးရှားလိုအသင်းနဲ့ အာရှခြေစစ်ပွဲမှာကစားခဲ့ရတဲ့  တီမောနဲ့ မကာအိုတို့လို   အသင်းတွေလိုမျိုးပေါ့။

ဒါပေမဲ့  ပွဲကောင်းတွေကတော့  ဆီးဂိမ်း မတိုင်ခင် ခြေစမ်းကစားခဲ့တဲ့ ဗီယက်နမ်နဲ့ပွဲစဉ်၊ ဒီပွဲပြီးတော့ကစားခဲ့ရတဲ့ မလေးရှား၊တီမော၊  ကမ္ဘောဒီးယားအသင်းတွေပေါ့။ ဘာပဲဖြစ်ဖြစ် နည်းစနစ်ပိုင်းအရ ကျွန်တော် အကြိုက်ဆုံးပွဲကတော့ အိမ်ရှင်ဖိလစ်ပိုင်နဲ့ ပွဲပါ။  ဒီပွဲအနိုင်က  ကျွန်တော်တို့အသင်းကို   ထိပ်ဆုံးသုံးသင်းထဲ ရောက်စေခဲ့ပါတယ်။   ဖိလစ်ပိုင်နဲ့ပွဲက   ခက်ခက်ခဲခဲ အနိုင်ရရုံတင်မကပါဘူး၊ အိမ်ရှင်အသင်းကိုပါ အနိုင်ကစားလိုက်နိုင်တာပါ။ ပထမ ပိုင်းမှာ  ဘောလုံးပိုင်ဆိုင်မှု အသာနဲ့  ပုံစံ ကောင်းတစ်ခုပြသနိုင်ခဲ့တယ်။ ဒုတိယပိုင်း မှာဆိုရင် နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့ တယ်။ ပွဲချိန်အတွင်းမှာ မတူညီတဲ့နည်း စနစ်ချဉ်းကပ်မှုတွေနဲ့   သေသပ်တဲ့ဂိုး ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ အထပ်ထပ် လေ့ကျင့်မှုတွေရဲ့    ပေါင်းစပ်မှုက တစ်ဆင့် အကောင်းဆုံး ဂိုးနှစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲကောင်း တွေ   ကိုင်တွယ်ခဲ့ရ၊  ကစားခဲ့ရပေမယ့်  ဖိလစ်ပိုင်နဲ့ပွဲကတော့  ကျွန်တော့်အတွက်  နည်းစနစ်ပိုင်းဆိုင်ရာ အကြိုက်ဆုံးပွဲ ဖြစ်ပါတယ်။

ကိုရဲ