ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ် လူငယ်သီတင်းပတ် ဖွင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ် လူငယ်သီတင်းပတ် ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၇                                                             

             ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ်လူငယ်သီတင်းပတ် ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပညာရေးဒီဂရီကောလိပ်သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ နှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

             ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ထာဝရ မြန်မာသီချင်းဖြင့် ကပြ ဖျော်ဖြေကြပြီးနောက် အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

             ဆက်လက်၍ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားမှုများနှင့် ဈေးရောင်း ပွဲတော်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

             အဆိုပါ လူငယ်သီတင်းပတ်လှုပ်ရှားမှုကို စက်တင်ဘာ ၄ ရက်မှ ၈ ရက် နေ့အထိ  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။