ဆေးဖက်ဝင် မှုံနံ့သာသနပ်ခါးများ

ဆေးဖက်ဝင် မှုံနံ့သာသနပ်ခါးများ

ဘိုး၊ ဘေး၊ ဘီ၊ ဘင်ကာလများက မြန်မာအမျိုး သမီးများ၏  သနပ်ခါးခြင်းတောင်းထဲတွင် သနပ်ခါး တုံးများသာမက တောင်တန်ကြီး၊ ကရမက်၊ နံ့သာဖြူ၊ နံ့သာနီ စသည့်သနပ်ခါးမျိုးနွယ်ဝင် မှုံနံ့သာများကို အမြဲဆောင်ထားသုံးစွဲကြသည်။ ၁၉ ရာစုနှစ်နှောင်းပိုင်း အထိ    မြန်မာလူမျိုးများက   မှုံနံ့သာအမျိုးမျိုးကို ကျောက်ပျဉ်ပေါ်တွင်သွေးကာ သနပ်ခါးနှင့်ရောစပ်ပြီး   လိမ်းခဲ့ကြသကဲ့သို့   သီးသန့်သွေးပြီး  လိမ်းကြသူများ

လည်းရှိသည်။ ဖော်ပြပါ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ တောင်တန်ကြီးတို့ကိုရှေးလူကြီးများက   နေ့စဉ်အလျဉ်းသင့်သလို လိမ်းခြယ်ကြသည့်အပြင် အပူငြိမ်းစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ကိုယ်ပူဖျားနာသက်သာစေခြင်းနှင့်     အရေပြားရောဂါများ အတွက်လည်း အသုံးပြုကြသည်။

နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက်ဟူသော  နံ့သာငါးပါးရှိသည့်အနက်  ယနေ့ခေတ်တွင် အကျော်နှင့်စမ္ပာတို့ကို မတွေ့မြင်နိုင်လောက်အောင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။  မည်သို့ပင်ဆိုစေ ကာမူ အရိုးပေါ်အရွက်မဖုံး၊ လူကြီးသူမများ နှစ်ခြိုက် စွာမြတ်မြတ်နိုးနိုးလိမ်းကျံခဲ့ကြသည့် မှုံနံ့သာသနပ်ခါး များ၏ဆေးဖက်ဝင်ပုံတို့ကိုသိရှိစေရန်    အောက်ပါ အတိုင်းရေးသားဖော်ပြလိုက်ပါသည်။

ဆေးဖက်ဝင်သနပ်ခါး

အသီး၊ အရွက်၊ အမြစ်၊ ပင်စည်၊ အကိုင်းအားလုံး ဆေးဖက်ဝင်သည်။ သနပ်ခါးသည် အပူနာ၊ အအေးနာ နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်သည်။   နွေ၊   မိုး၊ ဆောင်းသုံးရာသီစလုံးလိမ်းနိုင်သည်။  သနပ်ခါးကို ထာဝစဉ် လိမ်းပေးခြင်းဖြင့်  ခန္ဓာကိုယ်တွင်း   အညစ် အကြေး၊ အခိုးများ   ပြင်ပသို့ဆွဲထုတ်ယူငင်ပြီး   အပူ၊ အပုပ်များ ကင်းစင်သွား၍ ဝက်ခြံ၊ တင်းတိပ်၊  မှည့်ခြောက်ကင်းဝေးကာ     အသားအရေဝင်းဝါလှပစေသည်။ ခေါင်းကိုက်၊   ခေါင်းအုံ၊   ဇက်ကြောတက်၊ နှာခေါင်းပိတ်သည့်အခါ သနပ်ခါးသွေးရည်ကို တဝရှုပေးပါ။ အမျိုးသမီး မီးယပ်ရောဂါများအတွက် သနပ်ခါးမြစ်ကို နနွင်းနှင့်သွေး၍လိမ်းပေးခြင်းဖြင့်  သွေးသား မှန်ကန်စေသည်။ မီးယပ်ဖြူဆင်းခြင်း၊  ကိုယ်သား ကိုယ်ရေကြမ်းတမ်းခြောက်သွေ့ခြင်းအတွက် သနပ်ခါး ကို   ကံ့ကော်ဝတ်ဆံနှင့်သွေး၍  သကြားအနည်းငယ်  ထည့်သောက်ပါ။  အမျိုးသားများတွင်  ဆီးကြောင့် ဖြစ်သော ခေါင်းအုံ၊ ခေါင်းကိုက်၊ သွားကိုက်၊ မျက်စိဝေခြင်းများအတွက် သနပ်ခါးအမြစ်ခေါက်သွေးရည် ကို  မှန်မှန်သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။  ကလေးများ  နွေရာသီတွင်ဖြစ်တတ်သော  ကျောက် ပေါက်ခြင်း၊ ဝက်သက်ပေါက်ခြင်းတို့အတွက် သနပ်ခါး သွေးရည်တိုက်ကျွေးပြီး သနပ်ခါးလိမ်းပေးပါ။ ကလေး များ  အညှော်မိသောအခါတွင်လည်း  သနပ်ခါးရည် အနည်းငယ်ကျွေးပေးခြင်း ဖြင့် အညှော်ထွက်စေသည်။ ချွဲကျပ်သောကလေးများအား သနပ်ခါးအမြစ်ကိုသွေး၍ ကွမ်းရွက်စိမ်းရည်ဆတူရောပြီးတိုက်ပါ။  သနပ်ခါး အရွက်၊   အသီးတို့ကို  သွားနာ၊   သွားကိုက်ရောဂါ အတွက်  ငုံဆေးအဖြစ် အသုံးပြုနိုင်သည်။  အရွက် သို့မဟုတ် အသီးရရာ လက်တစ်ဆုပ်ကိုပြုတ်၍ ခပ်နွေးနွေးပြုတ်ရည်ကိုငုံပေး၊   ၎င်းပြုတ်ဖတ်များကို  အုံပေး ပါက သွားကိုက်၊ သွားနာသက်သာစေသည်။ အစာအဆိပ်သင့်ခြင်းအတွက် သနပ်ခါးမြစ်အမှုန့်ကို သကြား၊ ပျားရည်နှင့်ရော၍စားပေးပါ။ အနာကြီးရောဂါသည်များ  သနပ်ခါးရွက်ကိုပြုတ်၍  ရေချိုးပြီးချွေးအောင်း ပါ။ 

ဆေးဖက်ဝင်တောင်တန်ကြီး

တောင်တန်ကြီးကို တချို့က တောင်နံကြီးဟုလည်း ခေါ်ကြသည်။  အသီး၊  အပွင့်၊  အရွက်၊ အခေါက်၊ အမြစ် ပဉ္စsစငါးပါးစလုံးအသုံးဝင်သည်။ ပူ၍ ခါးသက် သက်အရသာရှိသည်။   ဆီးမှသွေးပါခြင်း၊   ညောင်း ညာကိုက်ခဲခြင်း၊ အဆုတ်ရောင်၊ လေနာ၊ အစာမကြေ၊  မြင်းသရိုက်၊  ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာ အမျိုး မျိုးနှင့်   အဖျားရောဂါတို့ကို   ပျောက်ကင်းစေသည်။ အသည်းရောင်ခြင်း၊  အသည်းအောင့်ခြင်း၊   နှလုံး မကောင်းခြင်း၊ ပိန်ချုံးခြင်းတို့အတွက် တောင်တန်ကြီး အမြစ်ပြုတ်ရည်ကိုသောက်ပါ။  အစာမကျေခြင်းနှင့် ဝမ်းဖောဝမ်းရောင်ခြင်းအတွက် တောင်တန်ကြီးအရွက် ပြုတ်ရည်သောက်ပါ။     ပဉ္စ္စငါးပါးစလုံးကိုပြုတ်၍ သောက်ခြင်း၊  ၎င်းင်းပြုတ်ရည်ဖြင့်     ရေချိုးပေးပါက မီးယပ်ချုပ်၊ မီးတွင်းဖျားနာခြင်းနှင့် ဖောရောင်ခြင်း တို့ကို သက်သာကောင်းမွန်စေသည်။ အမျိုးသားများ  ဒူလာအဆစ်အမျက်ကိုက်ခြင်းတို့အတွက်လည်း ပÍ္စငါးပါးစလုံးပြုတ်ရည်ကိုသောက်ပါ၊ ၎င်းင်းပြုတ်ရည် ဖြင့်ရေချိုးပါ။ တောင်တန်ကြီးလိမ်းပါ။

ဆေးဖက်ဝင်ကရမက်

ကရမက်ဟူသောစကားမှာ ပသျှူးစကားဖြစ်သည်။ ဟိန္ဒူလူမျိုးတို့၏   အခေါ်အဝေါ်ဖြစ်သည်။    မြိတ် ကရမက်၊ တောင်ကရမက်ဟူ၍နှစ်မျိုးရှိသည်။ မြိတ် ကရမက်မှာ  အပင်ကြီးမျိုးဖြစ်ပြီး  တောင်ကရမက် မှာ အပင်လတ်မျိုးဖြစ်သည်။     မြိတ်ကရမက်သား

အရောင်မှာညိုညစ်ညစ်အရောင်ဖြစ်ပြီး အနံ့ပိုမွှေးသည်။ ၎င်းကို တချို့ဒေသတွင် လိပ်သည်းကရမက်၊ ရေချိုးခံကရမက်ဟုခေါ်သည်။  တောင်ကရမက်၏  အသားရောင်မှာ မြိတ်ကရမက်ထက် အရောင်ဖျော့၍ တချို့က နံ့သာဖြူကရမက်ဟုခေါ်သည်။ မြိတ်ကရမက် က  ဆေးစွမ်းပိုထက်မြက်သည်။  ကရမက်ပင်သည် လူသတ်၊ နတ်သတ်ဟူ၍နှစ်မျိုးရှိပြီး  အပင်ကြီးလာ ပြီးနောက် သူ့အလိုလိုခြောက်၍ သေသွားသောအပင် ကို   နတ်သတ်ပင်ဟု ခေါ်ကြကာ   ၎င်းအပင်မျိုးက  ပိုမွှေးပြီး တန်ဖိုးများသည်။  အမြစ်၊  အသား၊ အပွင့် အားလုံးဆေးဖက်ဝင်သည်။ မြန်မာ့ဆေးကျမ်းအဆို အရ  ခါးသက်အေးအရသာရှိ၍  အနည်းငယ်ချို၏။ ဖန်၏။ မွှေး၏။ အေး၏။ သလိပ်ကိုဖြစ်စေ၏။ လေ ကိုပွားစေ၏။ သည်းခြေကိုနိုင်၏။ ဝမ်းမီးတောက်စေ၏ဟု ဖော်ပြထားသည်။  အနှစ်သားကိုသွေး၍လိမ်းခြင်း ဖြင့်လည်းကောင်း၊ သောက်ခြင်းဖြင့်လည်းကောင်း သလိပ်ကြေစေပြီး နှလုံးရောဂါ၊ ဆီးရောဂါ၊ ညောင်းကျ ရောဂါ၊  ဝမ်းလျှောရောဂါများကို ပျောက်ကင်းစေပါ သည်။ ကရမက်အတုံးကိုသွေးလိမ်းခြင်းဖြင့် ကိုယ်သား ကိုယ်ရေအေးမြစေပြီး ယားယံခြင်းကိုပျောက်ကင်းစေ သည်။   အပူလွန်သော   သည်းခြေနာကိုနိုင်သည်။   မိန်းမတို့အသက်ကရမက်ဟု    အဆိုရှိသည့်အတိုင်း အမျိုးသမီးများ နှစ်သက်ကြသော နံံ့သာမျိုးဖြစ်သည်။

ဆေးဖက်ဝင်နံ့သာဖြူ

အနှစ်သားကိုအသုံးပြုသည်။   မြန်မာ့ဆေးကျမ်းများ အဆိုအရနံ့သာဖြူသည် ခါး၏။ အေး၏။ အရှင် နာဂသိန်အခြေပြုဆေးအဘိဓာန်တွင်    နံ့သာဖြူ အသားနှစ်သည် ကြေလွယ်၏။ နှစ်သက်စေ၏။   နှလုံး ကိုအကျိုးပြု၏။    အရောင်အဆင်းကောင်းစေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ ၎င်းင်းပြင် အဆိပ်၊ ရေငတ်၊ သွေးအန်၊ သွေးကျ၊ အပူရောဂါတို့ကို  ပျောက်ကင်း စေ၏ဟုဖော်ပြထားသည်။ မိတ်ယားယံခြင်းအတွက် နံ့သာဖြူကိုဆားအနည်းငယ်ထည့်၍ သွေးလိမ်းပေး ခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။ အရွယ်သုံးပါး မည်သူမဆိုဖျားနာပါက နံ့သာဖြူကို ကျောက်ပျဉ်တွင် ပျစ်ပျစ်သွေးပြီး ရလာသောဆေးအနှစ်ကို နှလုံးနေရာ တည့်တည့်တွင် လိမ်းအုံပေးပါ။ နံ့သာဖြူခြောက်သွေ့သွားလျှင် ထပ်ခါထပ်ခါလိမ်းအုံပေးပါ၊ အဖျားကျသွား စေသည်။ ကလေးအဖျားကြီးခြင်းအတွက် ငယ်ထိပ် ပေါ်လိမ်းအုံပေးပါ။  သွေးမသန့်လျှင်  နံ့သာဖြူရည် သောက်ပါ။ အိပ်မပျော်ခြင်းအတွက် နဖူးပေါ် နံ့သာဖြူလိမ်းကျံပေးပါ။ နံ့သာဖြူနှင့် သံပရာရည်ဖျော်လူးပါ ကယားယံခြင်းကို ပျောက်စေသည်။    ဆီးအောင့်၊ ကြို့ထိုးခြင်းနှင့် ဝမ်းရောဂါများအတွက် ဆန်ဆေးရည် နှင့် နံ့သာဖြူသွေး၍ ပျားရည်၊  သကြားတို့ဖြင့်ရော ဖျော်သောက်ပါ။  ဦးခေါင်းပေါ်  ဒက်ပေါက်ခြင်းနှင့် အနာစက်ပေါက်ခြင်းအတွက်လည်း လိမ်းပေးနိုင်ပါ သည်။   ညောင်းညာကိုက်ခဲခြင်းဖြစ်လျှင်   နံ့သာဖြူ သွေးလိမ်းပါက   ပျောက်ကင်းသည်။   (နံ့သာဖြူကို မျက်နှာပေါ်မလိမ်းပါနှင့် အခန့်မသင့်လျှင် တင်းတိပ် ထွက်တတ်သည်)

ဆေးဖက်ဝင်နံ့သာနီ

ဆေးအဘိဓာန်တစ်ခုတွင် နံ့သာနီသည် သလိပ်၊ သည်းခြေ၊ သွေးလေနာ၊ မျက်စိနာနှင့် အပူနာတို့ကို ငြိမ်းစေတတ်၏။  သွေးပျက်၊ သွေးတက်သောအနာတို့ကိုလည်းနံ့သာနီရည်နှင့်  သွေးဆေး ၎င်းင်းနှစ်မျိုးကို စပ် တိုက်အပ်၏ဟုဖော်ပြထားသည်။

အချုပ်အားဖြင့်ဆိုသော်  မှုံနံ့သာသနပ်ခါးများ၏ အကျိုးအာနိသင်ကို သိသူနည်းပါးသည့်အလျောက် မမြင်ဖူး၊   မကြားဖူးသော   ခေတ်လူငယ်များစွာရှိ လာသည်။ အတု၊ အစစ်ဝေခွဲနိုင်ခြင်းမရှိသော ကြောင့် လည်း ငွေကုန်ကြေးကျပေးကာ မဝယ်ရဲခြင်းမျိုးလည်း ဖြစ်ကြရသည်။    နည်းပညာများတိုးတက်လာရာ အသင့်လိမ်းသနပ်ခါး  အနှစ်၊   အရည်မျိုးစုံအပြင် နံ့သာဖြူရနံ့ထည့်သွင်းထားသောရေမွှေး၊   ပရုပ်ဆီ၊ ဆပ်ပြာတို့ကိုလည်း တွေ့ရသည်။  သို့သော်   ၎င်းအသင့်သုံးပစ္စည်းများတွင်    ဓာတုပစ္စည်းများစွာဖြင့် ပြောင်းလဲပြုပြင်ထားသည့်အတွက်      ကျန်းမာရေး အာနိသင်လွန်စွာနည်းပါးသွားသည်။ သို့ပါ၍   ဆေး ဖက်ဝင်မှုံနံ့သာ သနပ်ခါးမျိုးနွယ်များကိုရှေးထုံးမပယ် အိမ်တိုင်းဆောင်ထားသုံးစွဲကြစေလိုကြောင်း  ရေးသား ဖော်ပြလိုက်ပါသည်။                  

ပေါက်ပေါက်