ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် နောက်ဆုံး ဆန်ခါတင်စာရင်းတွင် ဘယ်လင်ဟမ် ထိပ်ဆုံးမှ ရေပန်းစားနေ

ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် နောက်ဆုံး ဆန်ခါတင်စာရင်းတွင် ဘယ်လင်ဟမ် ထိပ်ဆုံးမှ ရေပန်းစားနေ

 

    ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် နောက်ဆုံးဆန်ခါတင် ကစားသမား စာရင်းထုတ်ပြန် အပြီးတွင် အင်္ဂလန်အသင်းနှင့် ရီးယဲလ်မက်ဒရစ် အသင်းကွင်းလယ် ကစားသမား ဘယ်လင်ဟမ်က ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားဆုကို ကမ္ဘာတစ်ဝန်းရှိ အသက် ၂၁ နှစ်အောက် ကစားသမားများထဲမှ ရွေးချယ်ပေးအပ်ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်   ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် နောက်ဆုံးဆန်ခါတင် ကစားသမား ၁၀ ဦးစာရင်းတွင် စပိန်လာလီဂါမှ ကစားသမားငါးဦးအထိ အများဆုံးပါဝင်လာကာ ဘာစီလိုနာအသင်းမှ သုံးဦးအထိ ပါဝင်လာသည်။

ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားဆုအတွက် နောက်ဆုံး ဆန်ခါတင်ကစားသမား ၁၀ ဦးစာရင်းတွင် အသက် ၂၀ အရွယ် အတ္တလန္တာအသင်းကစားသမား ဟောင်း လက်ရှိမန်ယူ အသင်းမှ ဟိုက်လန်း၊ ဘာစီ လိုနာအသင်းမှ ဘလိက်၊ ပက်ဒရီ၊ ဂါဗီ၊ လိုက်ပဇစ် အသင်းကစားသမားဟောင်း   လက်ရှိ ပီအက်စ်ဂျီ အသင်းမှ ဇာဗီဆိုင်မွန်၊ ရီးယဲလ်မက်ဒရစ် အသင်းမှ  ကာမာဗင်ဂါ၊ ဒေါ့မွန်အသင်း ကစားသမားဟောင်း လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လင်ဟမ်၊ ဘိုင်ယန်မြူးနစ်အသင်းမှ   မူစီလာ၊  ဘင်ဖီကာအသင်းမှ အန်တိုနီဆေးလ်ဗားနှင့် လန်းအသင်းမှ ဝါဟီတို့ ပါဝင်လာခဲ့ကြသည်။

ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက လည်း ဒေါ့မွန်အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သကဲ့သို့  လက်ရှိဘောလုံးရာသီတွင်လည်း ရီးယဲလ်မက်ဒရစ် အသင်းနှင့် အကောင်းဆုံးခြေစွမ်း ပြလျက်ရှိပြီး   ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သော်လည်း   သွင်းဂိုးအများဆုံး သွင်းယူနိုင်သည့်ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က   ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ဘာစီလိုနာအသင်းမှ ဂါဗီက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။