ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၈

 ၂၀၂၃ ခုနှစ် (၂၉)ကြိမ်မြောက် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်ရှိ အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်မှူးချုပ် စိုးတင်လတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

     ဦးစွာ တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ  ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်း ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော မကွေးလေတပ် စခန်းဌာနချုပ် အသင်းတို့အား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများအား ကာကွယ်ရေးဦးစီးချုပ် (လေ)ကိုယ်စား ဗိုလ်မှူးချုပ် စိုးတင်လတ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ကြသည်။

     အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် စက်တင်ဘာလ ၄ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။