ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၉
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် လှည်းကူးမြို့နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက် ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူ များနှင့် ဒိုင်းဆုရရှိသော အသင်းတို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းတို့ဖြင့် စက်တင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။