ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၉

          ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ပြုလုပ်ရာ အလယ်ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်နှင့် တက္ကသိုလ်များ လှေလှော်အသင်းတို့မှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြသည်။

          ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ် မှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆု ရရှိသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော အမှတ်(၁) ဗျူဟာစစ်ရေယာဉ်စုအသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စားရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆု များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

          အဆိုပါ လှေလှော်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှု အောက်ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း (၁၁)သင်းဖြင့် စက်တင်ဘာ (၅)ရက်မှ ယနေ့အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။