(၅၅)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးခဲ့သည့် မြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

(၅၅)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးခဲ့သည့် မြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၈

နီပေါနိုင်ငံ ခတ္တမန္တူမြို့တွင် စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိကျင်းပခဲ့သည့်  (၅၅)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်သုံးခုဆွတ်ခူးရယူခဲ့သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီး ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။

အောင်ပွဲရမြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး  ဦးအောင်နိုင်ဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်  ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ     တာဝန်ရှိသူများ၊   အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများနှင့် ပြည်သူများက   အိုးစည် ဒိုးပတ်အကများဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌   ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ (၅၅)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်၍ အုပ်ချုပ်သူတစ်ဦး၊  ဒိုင်နှစ်ဦး၊  နည်းပြနှစ်ဦးနှင့်  အားကစားသမား  ၁၀  ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ၏ Men's Sports Physique (Up to 175 Cm) ပြိုင်ပွဲတွင် ငြိမ်းချမ်းက ရွှေတံဆိပ်၊ ၂၁ နှစ်အောက်ကာယဗလ  ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ဟိန်းထက်ဇော်က ငွေတံဆိပ်၊ ၇၀ ကီလိုတန်းပြိုင်ပွဲတွင်  ရဲထွန်းနောင်က  ငွေတံဆိပ်၊   Senior Women's Model Physique (Up to 165 Cm)ပြိုင်ပွဲတွင် အေးသန္တာခိုင်က ကြေးတံဆိပ်၊ Men Athletic Physique(Up to 182 Cm)ပြိုင်ပွဲတွင် ဟိန်းထက်ကျော်က  ကြေးတံဆိပ်၊ Senior Women's Athletic Physique   (Up to 165 Cm)ပြိုင်ပွဲတွင် ဝတ်ရည်ဖြိုးက ကြေးတံဆိပ်တို့အား   အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ထို့အတူ   Senior Women's Athletic Physique(Up to 160 Cm) ပြိုင်ပွဲတွင် မီမီကျော်နိုင်က စတုတ္ထဆု၊ ၇၅ ကီလိုတန်းပြိုင်ပွဲတွင် အောင်သန်းဌေးက စတုတ္ထဆု၊ ၅၅  ကီလိုတန်းပြိုင်ပွဲတွင်  ပြည့်ဖြိုးက စတုတ္ထဆု၊   ၆၅  ကီလိုတန်းပြိုင်ပွဲတွင် မောင်မောင်မြင့်က  ပÍ္စမဆုများ ရရှိခဲ့ကြကြောင်းလည်း သိရသည်။

ဝန်းရံခ