မော်လမြိုင်မြို့၊ သမိုင်းဝင်ကျိုက်သံလံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရာတွင် လိုအပ်သည့် ဝါးငြမ်းများ သယ်ဆောင်ပေး

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

   

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သမိုင်းဝင်ကျိုက်သံလံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူ ပူဇော်ရာတွင် လိုအပ်သည့် ဝါးငြမ်းများ ဆင်နိုင်ရန်အတွက် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့ ဝါးများ သယ်ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။