ဟိုမိန်းမြို့နယ်၊ လင်းခေးမြို့နယ်၊ ကာလိမြို့နယ်နှင့် လဲချားမြို့နယ်တို့ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ အားတွေ့ဆုံ

ဟိုမိန်းမြို့နယ်၊ လင်းခေးမြို့နယ်၊ ကာလိမြို့နယ်နှင့် လဲချားမြို့နယ်တို့ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ အားတွေ့ဆုံ

 

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၀

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်းမြို့နယ်၊ လင်းခေးမြို့နယ်၊ ကာလိမြို့နယ် နှင့် လဲချားမြို့နယ်တို့ရှိ  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ် ခရေရိပ်သာ၌ တွေ့ဆုံသည်။   

     ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက် ပေးသည်။

    ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။