အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၀
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်ရှိ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ၂၀၂၂-၂၀၂၃ ပညာသင်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြား သည်။ ထို့နောက် (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း ကို ဆက်လက်ပြုလုပ်ရာ ၂၀၂၂-၂၀၂၃ လေ့ကျင့်ရေးကာလအတွင်း သင်တန်းသားများ တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ အိမ်ထောင်သည်လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သန့်ရှင်းရေးအကောင်းဆုံးဆု ရရှိကြသူများ၊ ၂၀၂၁-၂၀၂၂ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲတွင် ငွေ၊ ကြေး တံဆိပ်ရရှိခဲ့ကြသူများ၊ ရဲမေကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခဲ့ပြီး ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြကာ ဆုများချီးမြှင့်ပေးကြသည်။
ထို့ပြင် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်ဧည့်ခံကျွေးမွေးပြီး အနုပညာရှင် များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။