ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး စစ်သည်အစားခန့်ဝန်ထမ်းများ လျှောက်လွှာခေါ်ယူခြင်း

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

 ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး

စစ်သည်အစားခန့်ဝန်ထမ်းများ လျှောက်လွှာခေါ်ယူခြင်း

၁။             ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အမှတ်( ၁ ၊ ၂ ) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်တို့တွင် အောက်ဖော်ပြပါ ရာထူးများ၌ စစ်သည်အစားခန့် ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အလိုရှိပါသည်-

                 (က)     သတင်းကြေညာသူ(မြန်မာ/အင်္ဂလိပ်) (အမျိုးသား/အမျိုးသမီး)။

                 (ခ)       သတင်းအယ်ဒီတာ(မြန်မာ/အင်္ဂလိပ်) (အမျိုးသား/အမျိုးသမီး)။

                 (ဂ)       ဇာတ်လမ်း/ဇာတ်ညွှန်း (အမျိုးသား/အမျိုးသမီး)။

                 (ဃ)     ထုတ်လုပ်ရေးမှူး (အမျိုးသား/ အမျိုးသမီး)။

                 (င)       အစီအစဉ်မှူး (အမျိုးသား/ အမျိုးသမီး)။

                 (စ)       ဂီတ(ခေတ်ပေါ်) အဆို/အတီး(အမျိုးသား/အမျိုးသမီး)။

                 (ဆ)     ဂီတ(ဆိုင်းဝိုင်း) အဆို/အတီး(အမျိုးသား/အမျိုးသမီး)။

                 (ဇ)       ကဇာတ်(အဆို/အက) (အမျိုးသား/အမျိုးသမီး)။

၂။              အထက်ဖော်ပြပါရာထူးအားလုံးအတွက် လိုအပ်သည့် အရည်အချင်းများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

                 (က)     လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာ နိုင်ငံသား တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမည်။

                 (ခ)       ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် အသက်(၂၅)နှစ်ထက် မကျော်လွန်စေရ၊ အိမ်ထောင်မရှိဖူးသူ  လူပျို/အပျိုဖြစ်ရမည်။

                 (ဂ)       အချို့ရာထူးများမှာ လုပ်ငန်းသဘောသဘာဝအရ အအေးခန်းတွင် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

                 (ဃ)     တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်(ယာယီ ဘွဲ့ထောက်ခံစာ မရပါ)။

                 (င)       အနည်းဆုံးငါးနှစ် အမှုထမ်းဆောင်နိုင်သူဖြစ်ရမည်။ လိုအပ်ပါက စစ်သည်/ စစ်သမီးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရမည်(စာချုပ်ချုပ်ဆို ဆောင်ရွက်ပါမည်)။

                 (စ)       လျှောက်ထားသူနှင့် မိဘညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် ပြစ်မှုကင်းရှင်းရမည့်အပြင် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသူများ ဖြစ်ရမည်။

                 (ဆ)     နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

                 ( ဇ )     ရေးဖြေနှင့်နှုတ်ဖြေ စာမေးပွဲဖြေဆိုအောင်မြင်ရမည်။

                 (ဈ)       ကျန်းမာရေး ဆေးစစ်မှုအောင်မြင်ရမည်။

၃။     အောက်ဖော်ပြပါ ရာထူးအသီးသီးအတွက် လိုအပ်သည့် အရည်အချင်းများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-

                 (က)     သတင်းကြေညာသူ လျှောက်ထားသူများသည် ရုပ်ရည်သင့်တင့်လှပပြီး အသံကြည်လင်ပီသရမည်။ မျက်စိကောင်းမွန်ရမည် (မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ)။

                 (ခ)       အဆို/အက လျှောက်ထားသူများသည် မြန်မာသံ၊ ခေတ်ပေါ် တေးသီချင်းများအား ကောင်းမွန်စွာ သီဆိုနိုင်ရမည်။တစ်ဦးချင်း/ စုပေါင်းယိမ်းအက ကပြနိုင်ရမည်။ ရုပ်ရည် သင့်တင့်ပြေပြစ်ရမည်။

၄။         ရွေးချယ်ခြင်းခံရပါက ရုပ်မြင်သံကြား ထုတ်လုပ်မှု အခြေခံသင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီး၍ ဝန်ထမ်းအဖြစ် စတင်ခန့်အပ်ခြင်းခံရပါက တပ်ကြပ်ကြီး(အစားခန့်)အဆင့် လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀ ဖြင့် ခန့်အပ်သွားမည်ဖြစ်ပါသည်။

၅။       လျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင် ပုံစံများကို အောက်ပါတပ်များတွင် ရယူနိုင်ပါသည်-

                 (က)     အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်

                             (မြဝတီရုပ်မြင်သံကြား)မှော်ဘီ၊ ရန်ကုန်မြို့။ (ဖုန်း ၀၃၁-၆၀၂၇၈)

                 (ခ)       အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်

                             (မြဝတီရုပ်မြင်သံကြား)တောင်ညို၊ နေပြည်တော်။(ဖုန်း ၀၃၁-၇၄၂၇၄)

                 (ဂ)       အမှတ်(၁)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                            ရဲမွန်၊ ရန်ကုန်မြို့။(ဖုန်း ၀၃၁-၃၀၄၀၁၊ ၀၉-၆၉၁၇၅၅၅၅၇)

                 (ဃ)     အမှတ်(၂)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                             မန္တလေးမြို့။(ဖုန်း ၀၃၃-၃၃၁၆၀၊ ၀၉-၆၉၄၀၄၂၇၀၄)

                 (င)       အမှတ်(၃)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                            မြစ်ကြီးနားမြို့။(ဖုန်း ၀၃၃-၄၀၀၀၅၊ ၀၉-၆၈၄၆၇၃၃၃၂)

                 (စ)       အမှတ်(၄)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                            လားရှိုးမြို့။(ဖုန်း ၀၃၃-၃၆၁၀၁၊ ၀၉-၆၉၁၂၄၉၁၂၃)

                 (ဆ)     အမှတ်(၅)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                            တောင်ကြီးမြို့။(ဖုန်း ၀၃၄-၃၂၁၁၆၊ ၀၉-၆၉၇၂၈၇၈၅၅)

                 (ဇ)       အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                            ချောင်းဆုံ၊ မော်လမြိုင်မြို့။(ဖုန်း ၀၉-၃၉၁၀၆၅၆၁၊ ၀၉-၆၇၈၉၂၆၁၀၀)

                 (ဈ)       အမှတ်(၇)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                            ပုသိမ်မြို့။(ဖုန်း ၀၃၁-၂၁၁၂၀၊ ၀၉-၆၇၈၆၅၂၀၀၆)

                 (ည)     အမှတ်(၈)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                           အမ်းမြို့။(ဖုန်း ၀၄၃-၂၂၀၃၀၊ ၀၉-၆၈၆၃၉၆၀၈၇)

                 (ဋ)       အမှတ်(၉)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                           မုံရွာမြို့။(ဖုန်း ၀၃၃-၇၂၄၄၉၊ ၀၉-၆၉၃၂၄၂၆၈၁)

                 (ဌ)       အမှတ်(၁၀)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                           တောင်ငူမြို့။(ဖုန်း ၀၃၂-၃၃၁၂၅၊ ၀၉-၆၇၈၈၄၂၁၁၁)

                 (ဍ)       အမှတ်(၁၁)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                           ကျိုင်းတုံမြို့။(ဖုန်း ၀၃၄-၃၃၁၄၀၊ ၀၉-၆၉၅၇၅၈၁၄၉)

                 (ဎ)       အမှတ်(၁၂)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                           မြိတ်မြို့။(ဖုန်း ၀၅၉-၄၁၈၇၈၊ ၀၉-၄၀၁၅၅၄၂၈၇)

                 (ဏ)     အမှတ်(၁၃)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                           ရွာတော်၊ နေပြည်တော်။(ဖုန်း ၀၃၂-၃၀၃၅၃၊ ၀၉-၆၉၁၃၈၄၄၀၀)

                 (တ)     အမှတ်(၁၄)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                           ခိုလမ်မြို့။(ဖုန်း ၀၃၄-၃၈၆၆၆၊ ၀၉-၉၅၉၇၉၄၃၀၁)

၆။      လျှောက်လွှာများကို ၄-၉-၂၀၂၃ ရက်မှ ၆- ၁၀- ၂၀၂၃ ရက်အတွင်း အထက်ဖော်ပြပါတပ်များတွင် လာရောက်လျှောက်ထားနိုင်ပါသည်။

၇။     လျှောက်လွှာနှင့်အတူ ကိုယ်ရေးလျှောက်လွှာ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/မြို့နယ်ရဲစခန်းတို့မှ ထောက်ခံစာမူရင်း၊ မိဘများ၏ သဘောတူညီကြောင်း ထောက်ခံချက်၊ တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံတို့အား ပူးတွဲတင်ပြရမည်။

၈။     ပဏာမလူတွေ့အရည်အချင်း စစ်ဆေးခြင်းကို မြဝတီရုပ်မြင်သံကြား(တောင်ညို) နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဆေးမည့်ရက်အား သက်ဆိုင်ရာ လျှောက်လွှာတင်သွင်းသည့် တပ်များမှတစ်ဆင့် ထပ်မံအကြောင်းကြားပေးသွားပါမည်။

၉။      အသေးစိတ်သိရှိလိုပါက မြဝတီရုပ်မြင်သံကြား(မှော်ဘီ) ရန်ကုန်(ဖုန်း ၀၃၁-၆၀၂၇၈)၊ မြဝတီရုပ်မြင်သံကြား(တောင်ညို)နေပြည်တော်(ဖုန်း ၀၃၁-၇၄၂၇၄၊ ၀၉- ၂၅၄၃၅၆၉၄၇)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။