(၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

(၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ -  ၁၁

          (၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာ နချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစား အသင်းများ တက်ရောက်ကြသည်။

          ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲအား ပထမကွက်ရွှေ့၍ ဖွင့်လှစ်ပေးကာ တက်ရောက် လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။

          အဆိုပါ(၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တုရင်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အားကစားနည်း ၃ မျိုး၊ ပြိုင်ပွဲဝင် အသင်း ၁၆ သင်းဖြင့် စက်တင်ဘာ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သတင်းရရှိသည်။