ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး စစ်သည်အစားခန့်ဝန်ထမ်းများ လျှောက်လွှာခေါ်ယူခြင်း

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

 ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး

စစ်သည်အစားခန့်ဝန်ထမ်းများ လျှောက်လွှာခေါ်ယူခြင်း

၁။      ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အမှတ်( ၁ ၊ ၂ ) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်တို့တွင် အောက်ဖော်ပြပါ ရာထူးများ၌ စစ်သည်အစားခန့် ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အလိုရှိပါသည်-

          (က)   သတင်းကြေညာသူ(မြန်မာ/အင်္ဂလိပ်) (အမျိုးသား/အမျိုးသမီး)။

          (ခ)     သတင်းအယ်ဒီတာ(မြန်မာ/အင်္ဂလိပ်) (အမျိုးသား/အမျိုးသမီး)။

          (ဂ)     ဇာတ်လမ်း/ဇာတ်ညွှန်း (အမျိုးသား/အမျိုးသမီး)။

          (ဃ)   ထုတ်လုပ်ရေးမှူး (အမျိုးသား/ အမျိုးသမီး)။

          (င)     အစီအစဉ်မှူး (အမျိုးသား/ အမျိုးသမီး)။

          (စ)     ဂီတ(ခေတ်ပေါ်) အဆို/အတီး(အမျိုးသား/အမျိုးသမီး)။

          (ဆ)   ဂီတ(ဆိုင်းဝိုင်း) အဆို/အတီး(အမျိုးသား/အမျိုးသမီး)။

          (ဇ)     ကဇာတ်(အဆို/အက) (အမျိုးသား/အမျိုးသမီး)။

၂။       အထက်ဖော်ပြပါရာထူးအားလုံးအတွက် လိုအပ်သည့် အရည်အချင်းများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

          (က)   လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာ နိုင်ငံသား တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမည်။

          (ခ)     ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် အသက်(၂၅)နှစ်ထက် မကျော်လွန်စေရ၊ အိမ်ထောင်မရှိဖူးသူ  လူပျို/အပျိုဖြစ်ရမည်။

          (ဂ)     အချို့ရာထူးများမှာ လုပ်ငန်းသဘောသဘာဝအရ အအေးခန်းတွင် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

          (ဃ)   တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်(ယာယီ ဘွဲ့ထောက်ခံစာ မရပါ)။

          (င)     အနည်းဆုံးငါးနှစ် အမှုထမ်းဆောင်နိုင်သူဖြစ်ရမည်။ လိုအပ်ပါက စစ်သည်/ စစ်သမီးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရမည်(စာချုပ်ချုပ်ဆို ဆောင်ရွက်ပါမည်)။

          (စ)     လျှောက်ထားသူနှင့် မိဘညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် ပြစ်မှုကင်းရှင်းရမည့်အပြင် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသူများ ဖြစ်ရမည်။

          (ဆ)   နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

          ( ဇ )   ရေးဖြေနှင့်နှုတ်ဖြေ စာမေးပွဲဖြေဆိုအောင်မြင်ရမည်။

          (ဈ)    ကျန်းမာရေး ဆေးစစ်မှုအောင်မြင်ရမည်။

၃။      အောက်ဖော်ပြပါ ရာထူးအသီးသီးအတွက် လိုအပ်သည့် အရည်အချင်းများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-

          (က)   သတင်းကြေညာသူ လျှောက်ထားသူများသည် ရုပ်ရည်သင့်တင့်လှပပြီး အသံကြည်လင်ပီသရမည်။ မျက်စိကောင်းမွန်ရမည် (မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ)။

          (ခ)     အဆို/အက လျှောက်ထားသူများသည် မြန်မာသံ၊ ခေတ်ပေါ် တေးသီချင်းများအား ကောင်းမွန်စွာ သီဆိုနိုင်ရမည်။တစ်ဦးချင်း/ စုပေါင်းယိမ်းအက ကပြနိုင်ရမည်။ ရုပ်ရည် သင့်တင့်ပြေပြစ်ရမည်။

၄။      ရွေးချယ်ခြင်းခံရပါက ရုပ်မြင်သံကြား ထုတ်လုပ်မှု အခြေခံသင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီး၍ ဝန်ထမ်းအဖြစ် စတင်ခန့်အပ်ခြင်းခံရပါက တပ်ကြပ်ကြီး(အစားခန့်)အဆင့် လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀ ဖြင့် ခန့်အပ်သွားမည်ဖြစ်ပါသည်။

၅။      လျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင် ပုံစံများကို အောက်ပါတပ်များတွင် ရယူနိုင်ပါသည်-

          (က)   အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်

                   (မြဝတီရုပ်မြင်သံကြား)မှော်ဘီ၊ ရန်ကုန်မြို့။ (ဖုန်း ၀၃၁-၆၀၂၇၈)

          (ခ)     အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်

                   (မြဝတီရုပ်မြင်သံကြား)တောင်ညို၊ နေပြည်တော်။(ဖုန်း ၀၃၁-၇၄၂၇၄)

          (ဂ)     အမှတ်(၁)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   ရဲမွန်၊ ရန်ကုန်မြို့။(ဖုန်း ၀၃၁-၃၀၄၀၁၊ ၀၉-၆၉၁၇၅၅၅၅၇)

          (ဃ)   အမှတ်(၂)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   မန္တလေးမြို့။(ဖုန်း ၀၃၃-၃၃၁၆၀၊ ၀၉-၆၉၄၀၄၂၇၀၄)

          (င)     အမှတ်(၃)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   မြစ်ကြီးနားမြို့။(ဖုန်း ၀၃၃-၄၀၀၀၅၊ ၀၉-၆၈၄၆၇၃၃၃၂)

          (စ)     အမှတ်(၄)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   လားရှိုးမြို့။(ဖုန်း ၀၃၃-၃၆၁၀၁၊ ၀၉-၆၉၁၂၄၉၁၂၃)

          (ဆ)   အမှတ်(၅)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   တောင်ကြီးမြို့။(ဖုန်း ၀၃၄-၃၂၁၁၆၊ ၀၉-၆၉၇၂၈၇၈၅၅)

          (ဇ)     အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   ချောင်းဆုံ၊ မော်လမြိုင်မြို့။(ဖုန်း ၀၉-၃၉၁၀၆၅၆၁၊ ၀၉-၆၇၈၉၂၆၁၀၀)

          (ဈ)    အမှတ်(၇)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   ပုသိမ်မြို့။(ဖုန်း ၀၃၁-၂၁၁၂၀၊ ၀၉-၆၇၈၆၅၂၀၀၆)

          (ည)   အမှတ်(၈)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   အမ်းမြို့။(ဖုန်း ၀၄၃-၂၂၀၃၀၊ ၀၉-၆၈၆၃၉၆၀၈၇)

          (ဋ)    အမှတ်(၉)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   မုံရွာမြို့။(ဖုန်း ၀၃၃-၇၂၄၄၉၊ ၀၉-၆၉၃၂၄၂၆၈၁)

          (ဌ)     အမှတ်(၁၀)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   တောင်ငူမြို့။(ဖုန်း ၀၃၂-၃၃၁၂၅၊ ၀၉-၆၇၈၈၄၂၁၁၁)

          (ဍ)     အမှတ်(၁၁)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   ကျိုင်းတုံမြို့။(ဖုန်း ၀၃၄-၃၃၁၄၀၊ ၀၉-၆၉၅၇၅၈၁၄၉)

          (ဎ)     အမှတ်(၁၂)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   မြိတ်မြို့။(ဖုန်း ၀၅၉-၄၁၈၇၈၊ ၀၉-၄၀၁၅၅၄၂၈၇)

          (ဏ)   အမှတ်(၁၃)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   ရွာတော်၊ နေပြည်တော်။(ဖုန်း ၀၃၂-၃၀၃၅၃၊ ၀၉-၆၉၁၃၈၄၄၀၀)

          (တ)   အမှတ်(၁၄)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

                   ခိုလမ်မြို့။(ဖုန်း ၀၃၄-၃၈၆၆၆၊ ၀၉-၉၅၉၇၉၄၃၀၁)

၆။      လျှောက်လွှာများကို ၄-၉-၂၀၂၃ ရက်မှ ၆- ၁၀- ၂၀၂၃ ရက်အတွင်း အထက်ဖော်ပြပါတပ်များတွင် လာရောက်လျှောက်ထားနိုင်ပါသည်။

၇။      လျှောက်လွှာနှင့်အတူ ကိုယ်ရေးလျှောက်လွှာ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/မြို့နယ်ရဲစခန်းတို့မှ ထောက်ခံစာမူရင်း၊ မိဘများ၏ သဘောတူညီကြောင်း ထောက်ခံချက်၊ တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံတို့အား ပူးတွဲတင်ပြရမည်။

၈။      ပဏာမလူတွေ့အရည်အချင်း စစ်ဆေးခြင်းကို မြဝတီရုပ်မြင်သံကြား(တောင်ညို) နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဆေးမည့်ရက်အား သက်ဆိုင်ရာ လျှောက်လွှာတင်သွင်းသည့် တပ်များမှတစ်ဆင့် ထပ်မံအကြောင်းကြားပေးသွားပါမည်။

၉။      အသေးစိတ်သိရှိလိုပါက မြဝတီရုပ်မြင်သံကြား(မှော်ဘီ) ရန်ကုန်(ဖုန်း ၀၃၁-၆၀၂၇၈)၊ မြဝတီရုပ်မြင်သံကြား(တောင်ညို)နေပြည်တော်(ဖုန်း ၀၃၁-၇၄၂၇၄၊ ၀၉- ၂၅၄၃၅၆၉၄၇)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။