ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ ၁၂
၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သာယာရေကူးကန်၌ ပြုလုပ် ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ပုသိမ်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရဲမျိုးသန့်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်အသင်းတို့အား ကာကွယ်ရေး ဦးစီးချုပ်(လေ)ကိုယ်စား ပုသိမ်လေတပ်စခန်းဌာန ချုပ်၊ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်းများမှ လူသစ်တန်းနှင့် အကြီးတန်းအပါအဝင် ပြိုုင်ပွဲဝင်အသင်း ၁၀ သင်း၊ ပြိုင်ပွဲအမျိုးအစား ၄ မျိုး ဖြင့် စက်တင်ဘာ ၆ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။