ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့်  ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲ ( Russia- Myanmar Cadets Swimming Competition)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ဗိုလ်လောင်းများ ပြန်လည်ရောက်ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့်  ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲ ( Russia- Myanmar Cadets Swimming Competition)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ဗိုလ်လောင်းများ ပြန်လည်ရောက်ရှိ

 

နေပြည်တော်၊ စက်တင်ဘာလ - ၁၂

    မြန်မာ့တပ်မတော်အနေဖြင့် ပြည်ပနိုင်ငံများ၏ တပ်မတော်များနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ အားကောင်းစေရန် အပြန်အလှန် လေ့လာရေး ခရီးစဉ်များ စေလွှတ်ခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် နိုင်ငံတကာ တပ်မတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

    ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာ အားကောင်းလာစေရန် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၌ စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သည့် ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲ(Russia- Myanmar Cadets Swimming Competition)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။

    အဆိုပါ ရေကူးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့တပ်မတော်မှ အသင်း အုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် စက်တင်ဘာ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိကြရာ ရုရှားတပ်မတော်မှ တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းမျာ းရေကူးပြိုင်ပွဲကို  စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးဖြင့် ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများအနေ ဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁၂ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

    ထို့ပြင်  မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများသည် စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော် အားကစားတက္ကသိုလ်၊ အမြောက်သမိုင်းပြတိုက်၊ AVRORA စစ်သင်္ဘောပြတိုက်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ခြင်း၊ ရုရှားတပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများနှင့်အတူ အမှတ် တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းနှင့် လက်ဆောင်ပစ္စည်း အပြန်အလှန် လဲလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့် နိုင်ခဲ့ကြသည်။

အဆိုပါ မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ   ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး  နှင့်တာဝန်ရှိသူများက လေဆိပ်တွင်  ကြိုဆိုကြသည်။

မြန်မာ့တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်များနှင့် ဗိုလ်လောင်းများအား နိုင်ငံ တကာအတွေ့အကြုံများ ရရှိစေရေး၊ စစ်ဘက် အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့ အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေးအတွက် တပ်မတော်အချင်းချင်း အပြန် အလှန် လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်းနှင့် နိုင်ငံတကာ တပ်မတော် အားကစား ပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။