ကျိုင်းတုံမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်

ကျိုင်းတုံမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၃

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းတော်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဘုရားကြီး၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့်ဆွမ်းများ ဆက်ကပ်ပူဇော်ကြပြီး  ဘုရားကြီးအား မျက်နှာတော်သစ် ရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်  စုစုပေါင်း ၁၅၉ ပါးတို့ကို အဆိုပါ ဘုရားကြီး၌ ဆွမ်းတော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။