မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲများ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၄

              မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များအား ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲများကို ယနေ့တွင် မန္တလေးနန်းမြို့အရှေ့ဘက်၊ နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြားရှိ ရတနာပုံဥယျာဉ်၌ ပြုလုပ်ရာ အောင်မြေသာစံမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အရှေ့ခင်မကန်ကျောင်းတိုက်၊ ကထိန်တော် ဓမ္မစရိယ ကျောင်းဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသ(သကျသီဟဓမ္မာစရိယ) အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

              အဆိုပါ ဆွမ်းလောင်းလှူပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ လှူဖွယ် ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများကို လောင်းလှူပူဇော်ခဲ့ကြသည်။

              ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းကျောင်းတိုက်၊ အလယ်ရွှေကျောင်းကြီး၌ ပြုလုပ်သော ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ အမှူးပြုသော သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ကို ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။