ဖီဖာတစ်နှစ်တာ အကောင်းဆုံးအမျိုးသား အမျိုးသမီးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း အတည်ပြုထုတ်ပြန်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားတွင် ပေးအပ် ချီးမြှင့်မည့်ဆုများမှ ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသား၊ အမျိုးသမီးကစားသမားဆုအတွက် ဆန်ခါ တင်ကစားသမားစာရင်းကို အတည်ပြုထုတ်ပြန်ခဲ့ ကြောင်း သိရသည်။
၂၀၂၃ ဖီဖာတစ်နှစ်တာအကောင်းဆုံ အမျိုးသားကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် ကစားသမား ၁၂ ဦးပါဝင်လာပြီး ၂၀၂၃ ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကစား သမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် ကစားသမား ၁၆ ဦးအထိ ပါဝင်လာခဲ့သည်။
၂၀၂၃ ဖီဖာတစ်နှစ်တာအကောင်းဆုံးအမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် ဂျူလီယန်အယ်ဗာရက်၊ ဘရာဇိုဗစ်ချ်၊ ကီဗင်ဒီဘရိုင်း၊ ဂန်ဒိုဂမ်၊ ဟာလန်း၊ ရိုဒရီ၊ ခါဗီချာ၊ မက်ဆီ၊ အမ်ဘတ်ပီ၊ အိုဆီမန်၊ ဒီကလန်ရိုဒ်နှင့် ဘာနာဒိုဆေးလ်ဗားတို့ပါဝင်ခဲ့ကြသည်။
၂၀၂၃ ဖီဖာတစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည့် မက်ဆီနှင့် မန်စီးတီးအသင်း၌ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး အဓိက ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့သည့် တိုက်စစ်မှူးဟာလန်းတို့က ထိပ်ဆုံးတွင် ပူးတွဲရပ်တည်နေသည်။
၂၀၂၃ ဖီဖာတစ်နှစ်တာအကောင်းဆုံးအမျိုးသမီး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် ဘွန်မာတီ၊ ကိုင်စီဒို၊ ရေချယ်ဒီလေး၊ ဒီအာနီ၊ ကိုင်လင်ဖော့၊ မေရီဖောင်လာ၊ ဂရင်းဝုဒ်၊ ဟာမိုဆို၊ ဟိုရမ်၊ အီလက်စတက်၊ လူရန်ဂျိမ်းစ်၊ ဆမ်ခါးလ်၊ လီအွန်၊ မီယာဇာဝါ၊ ပါရယ်လူအီလို၊ ခီရာဝတ်ဇ်တို့ ပါဝင်လာခဲ့ကြပြီး ဘွန်မာတီနှင့် ဟာမိုဆိုတို့က ဆွတ်ခူးနိုင်ရန် ရေပန်းစားလျက်ရှိကြောင်း သိရသည်။
Ref;B/R Football