ပရီးမီးယားလိဂ်ကပေးအပ်သည့် သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုတို့ကို စပါးအသင်းမှ နည်းပြ ပိုစတီကော်ဂလူနှင့် မက်ဒီဆင်တို့ဆွတ်ခူး
လန်ဒန်၊ ဘောလုံး
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လစဉ်ပေးအပ်လျက်ရှိသောဆုဖြစ်သည့် သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုနှင့် ကစားသမား ဆုတို့ကို စပါးအသင်းမှ နည်းပြပိုစတီ ကော်ဂလူ နှင့် ကွင်းလယ်ကစားသမား မက်ဒီဆင်တို့က ဆွတ်ခူး ခဲ့ကြောင်း သိရသည်။
စပါးအသင်းကွင်းလယ်ကစားသမား မက်ဒီဆင် သည် စပါးအသင်းနှင့်အတူ သြဂုတ်လက ကစား ခဲ့သည့်ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြနိုင် ခဲ့ပြီး သြဂုတ်လက ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲတွင် ဘရန့်ဖို့ဒ်အသင်းနှင့်စပါးအသင်း တို့ပွဲစဉ်၌ နှစ်ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ကာ ဘုန်းမောက် အသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် တစ်ဂိုးသွင်း ယူနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းမှ ရိုဒရီ၊ ဘရိုက် တန်အသင်းမှ မီတိုမာ၊ ဘရန့်ဖို့ဒ်အသင်းမှ အမ်ဘူနို၊ ဝက်စ်ဟမ်းအသင်းမှ ဘိုဝင်နှင့် နော်တင်ဟမ်အသင်း မှ အဝူနီရီတို့ကိုကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် သည်။
အလားတူ သြဂုတ်လအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆုကိုလည်း စပါးအသင်းနည်းပြ ပိုစတီကော်ဂလူသည် စပါးအသင်းနှင့်အတူ သြဂုတ် လက ကစားခဲ့သည့်ပွဲစဉ်သုံးပွဲတွင် တစ်ပွဲမှရှုံးပွဲ မရှိခဲ့ဘဲ ဘရန့်ဖို့ဒ်အသင်းနှင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ မန်ယူအသင်းနှင့်ဘုန်းမောက်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီးနောက် အဆင့်(၂)နေရာ၌ရပ်တည်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာ၊ ဝက်စ်ဟမ်းအသင်း နည်းပြ မိုယက်စ်နှင့်လီဗာပူးအသင်းနည်းပြ ရော်ဂျာ တို့ကိုကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ သြဂုတ်လအတွက် တစ်လတာ အကောင်းဆုံးဂိုးပေါက်ကာကွယ်မှုဆုကို လီဗာပူး အသင်းနှင့် နယူးကာဆယ်အသင်းပွဲစဉ်မှ အာမီ ရွန်၏ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့သည့် လီဗာပူး အသင်းဂိုးသမား ဘက်ကာနှင့် အကောင်းဆုံးသွင်း ဂိုးဆုကို ဘရိုက်တန်အသင်းမှ မီတိုမာကဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။
Ref;Sky Sports