စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် နယ် လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော် ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၆၂၁ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၃ ဦး၊ ခွဲစိတ် ရောဂါ ၄၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၉ ဦး၊ ကလေးရောဂါ ၄၀ ဦး၊ အရိုးရောဂါ ၇၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၁၆၀ ဦးနှင့် သွားရောဂါ ၃၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၂ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၀ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၁ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း  ထိုးနှံရန်လိုအပ်သူ ၁၈ ဦးအား ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက် ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက နေ့လည်စာအတွက် ထမင်းဘူးများနှင့် သောက်ရေ သန့်ဘူးများကို ပေးဝေလှူဒါန်းကြသည်။

နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ဆေးကုသမှုခံယူနေ သည့် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုကြားသိရပါတယ် -

(၁) ရွှေဘိုမြို့ကပါ။ ခါးနာလို့လာပြတာပါ။ ပထမအကြိမ်တုန်းက ဒီမှာသွေးတိုး ရောဂါ ဂေါက်ရောဂါကို ပြဘူးပါတယ်။ အများကြီးဝမ်းသာပါတယ်။ နယ်သူ     နယ်သားတွေ၊ အနီးအနားကကျေးရွာတွေကလည်း လာရောက်ပြသကြပါတယ်။ ဆေးဝါးတွေလည်းအခမဲ့ပေးပါတယ်။ မျက်စိရောဂါအပြင် မီးယပ်ဆိုင်ရာရောဂါ တွေ၊ ဓာတ်မှန်တွေလည်းရိုက်ပေးတယ်။ အဲဒီလိုလုပ်ဆောင်ပေးနေတာတွေကို သိခဲ့ရပါတယ်။ အသက် ၉၇ နှစ်ရှိတဲ့အမေကြီးတစ်ယောက်ကို မျက်စိခွဲပေးတာ တော်တော်ကောင်းပါတယ်။ ဝမ်းသာပါတယ်။ နောက်လည်းမကြာမကြာလာနိုင် ဖို့အတွက်ဖိတ်ခေါ်ပါတယ်။ တခြားမြို့နယ်တွေကိုလည်း အခုလိုကုသပေးနိုင် ရင်ပိုကောင်းပါတယ်။ ဆေးရုံကြီးတစ်ရုံထဲမှာ ဌာနပေါင်းစုံ၊ ရောဂါပေါင်းစုံကို တစ်နေရာတည်းစုပြီး ကုသခွင့်ရတဲ့အတွက် အင်မတန်ကောင်းတဲ့အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကိုဆောင်ရွက်ပေးပါသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီး များအားလုံး၊ နိုင်ငံ့အကြီးအကဲများအားလုံးကို အထူးဘဲကျေး ဇူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။

(၂) အသက် ၈၆ နှစ်ရှိပါပြီ။ မျက်စိမကောင်းလို့လာပြတာပါ။ မျက်စိမကောင်းတာ လည်း နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အခုမျက်စိမကောင်းတာနဲ့ပတ်သက်ပြီးတော့ တပ်မတော်နဲ့ ကျန်းမာ‌ရေးဝန်ကြီးဌာနတို့အပြင် စေတနာ့ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလိုနယ်လှည့်အထူးကုဆေးအဖွဲ့ဒီလိုရောက်လာ အောင်စီစဉ်ပေးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တကွ တပ်မတော်အရာရှိကြီးများကို အများကြီးကျေးဇူးတင်ပါတယ်။ အခုလိုအကြီးအကဲတွေက  စေလွှတ်တာဝန် ပေးပြီး တော့ကျွန်တော်တို့ရွှေဘိုမြို့နယ်မှာရှိတဲ့ ရောဂါသည်တွေကိုကုသဖို့ အတွက် စိတ်အားထက်သန်စွာဖြင့် ကူညီပေးပြီးတော့ လုပ်ကိုင်ခိုင်းတဲ့အတွက် ရောက်လာတဲ့ ပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ကျန်းမာရေး ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ပါရဂူများ၊ ကျန်းမာရေးမှူးများ၊ သူနာပြုဆရာမများ အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ဒီမှာခွဲစိတ်တဲ့ ကားကြီးတွေ လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ မျက်စိ၊ နား နှာခေါင်း၊ လည်ချောင်း၊ ခံတွင်း၊ ခါးနာရောဂါ၊ ကလေးငယ်များနဲ့ပတ်သက်လို့၊ အမျိုးသမီးများနဲ့ ပတ်သက်လို့၊ အဘိုးအဘွား များနဲ့ပတ်သက်လို့ ရွှေဘိုမှာရှိတဲ့ ရောဂါသည်တွေ အားလုံး လာရောက်ကုသရာမှာ တစ်နေ့ တစ်နေ့ ၃၀၀ ကျော်ကုသနေတာတွေ့ရ ပါတယ်။ ကျွန်တော်ကလည်းရောဂါသည်ပါ။ မျက်စိလာကုတာပါ။ ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်တော်တို့ရွှေဘိုမြို့နယ်မှာရှိတဲ့ ကျေးရွာသူ၊ ကျေးရွာ သား အသီးသီးမှာ မျက်စိနဲ့ပတ်သက် လို့ မျက်ခမ်းစပ်ရောဂါတွေရှိကြတော့ ပူတဲ့ရာသီဖြစ်တဲ့ အတွက် အခုလိုလာရောက်ကုသပေးတာကြောင့် ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်တော်တို့တစ်တွေက ငွေရေး ကြေးရေးပိုင်ဆိုင်ရာ လည်း မတတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဆေးမကုနိုင်လို့ အသက်ပေးလိုက်ရတဲ့ အဘိုး အဘွားတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ အခုလိုလာပြီး စေတနာနဲ့ နိုင်ငံတော်အစိုးရက ဆေးကုသတဲ့အခါမှာ ဆေးစုံ၊ ရောဂါစုံ အားလုံးကုသပေးနိုင် တဲ့အဆင့်ရှိတဲ့အတွက် ရောဂါသည်တွေဟာ ငါ့ရောဂါနဲ့ ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်စရာမလိုတော့ဘူး။ အားလုံးလာပြီးတော့ပြသတာနဲ့ တစ်ပြိုင်တည်း စေတနာထက်သန်စွာဖြင့် သူ့ကဏ္ဍနဲ့သူလုပ်ကိုင်ပေးနေတာကို မြင်တွေ့ရတဲ့အခါ အများကြီးပီတိဖြစ်ပါတယ်။ ကျွန်တော်တို့ရွှေဘိုမြို့နယ်သူ မြို့နယ်သား ရောဂါသည်ကိုယ်စား အများကြီးကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း ရွှေဘိုသူ ရွှေဘိုသားတွေကို အကူအညီပေးပါလို့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း မေတ္တာရပ်ခံပါတယ်။