တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီးစစ်မှုထမ်းများ အလိုရှိသည်

တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီးစစ်မှုထမ်းများ အလိုရှိသည်

၁။      လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

          (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

          (ခ)     လျှောက်ထားသူသည် ၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး  အသက်(၂၅)နှစ် ထက်မကြီးရ။

          (ဂ)     အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီးသူဖြစ်ရမည်။

          (ဃ)   အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁၀၀)နှင့်အထက်ရှိရမည်။

(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ် သူများဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့်စဉ်းစားပါမည်။)

          (င)     မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

၂။       လျှောက်လွှာများအား  နီးစပ်ရာတပ်/ဌာနချုပ်များတွင်  အခမဲ့ထုတ်ယူ၍ဖြစ်စေ  Myawady Webportal (www.myawady.net.mm/private(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါ စာရွက်စာတမ်းများ နှင့်အတူ ၂၀-၉-၂၀၂၃ ရက်နေ့မှ ၂၆-၁၀-၂၀၂၃ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့ လျှောက်ထားရမည်-  

          (က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။      

           (ခ)     အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းထွက်လက်မှတ် (မူရင်း)နှင့် ဒီပလိုမာ/ဘွဲ့ရရှိပြီးသူများဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။

          (ဂ)     အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ (မူရင်း)။

          (ဃ)   တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

          (င)     အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

          (စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။  

၃။      ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည် သတ်မှတ်ရက်အတွင်း လျှောက် ထားခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ်အောင်မြင်သူများအား သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။      အခြေခံတပ်သားသစ်သင်တန်းကို ၄ လ တက်ရောက်ရမည်။ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း တပ်သားသစ်လစာ (၁၄၄၀၀၀)ကျပ်ကိုခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက တပ်သား အခြေခံလစာ (၁၅၀၀၀၀)ကျပ်နှင့်  စရိတ်များ ခံစားခွင့်ရရှိမည်။

၅။      အခြေခံတပ်သားသစ်သင်တန်း တက်ရောက်နေစဉ်ကာလအတွင်း  မိမိတာဝန် ထမ်းဆောင် လိုသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး သင်တန်းဆင်းပြီး သတ်မှတ်ချက်ကိုက်ညီပါက မိမိဆန္ဒပြုရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့(သို့မဟုတ်) သင့်လျော်ရာ လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုခုတွင် တာဝန် ထမ်းဆောင်ရမည်။

မှတ်ချက်။     အသေးစိတ်သိရှိလိုပါက နီးစပ်ရာတပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။