(၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ) တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

(၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ) တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၂၀

၂၀၂၂-၂၀၂၃ ခုနှစ်၊ (၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား  တပ်မတော်(ကြည်း၊ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တပ်မတော်   ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက် ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့်  တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦး ချင်းဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဆုဖလားရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

          အဆိုပါ(၃၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုင်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် စက်တင်ဘာ ၁၅ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။