ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်း၊ စစ်ဝတ်ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်း၊ စစ်ဝတ်ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၀

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား  လက်နက်များတပ်ဆင်အပ်နှင်းခြင်း၊  စစ်ဝတ်ပစ္စည်း များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၉ ရက်နှင့် ယနေ့တို့တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ပိုင်ဦးနှင့် တာဝန် ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။

          ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က လက်နက်များ တပ်ဆင်ပေးရသည့် ရည်ရွယ်ချက် ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ့စစ်များအတွက် ရိက္ခာများထောက်ပံ့ပေးအပ်မည့် အစီအမံများ ကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ပိုင်ဦးက ပြည်သူ့စစ်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကိုလည်းကောင်း အသီးသီး  ရှင်းလင်း ပြောကြားသည်။

          ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ အား လက်နက်များ အပ်နှင်းပေးသည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

          ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။