တိုက်စစ်ကစားသမား မာတီနက်ဇ် အင်တာမီလန်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် မကြာမီ ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း ပြောကြား
ရောမ၊ ဘောလုံး
အင်တာမီလန်အသင်း အဓိကတိုက်စစ်ကစားသမား မာတီနက်ဇ်က အသင်းနှင့်သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် မကြာမီ ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၆ နှစ်အရွယ် မာတီနက်ဇ်သည် ၂၀၁၈ ခုနှစ်က အာဂျင်တီးနားကလပ် ရေဆင်းအသင်းမှ ပြောင်းရွှေ့ ကစားခဲ့ပြီး အသင်းနှင့်စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ခြင်းဖြစ်သည်။
မာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ဘောလုံးရာသီတိုင်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ လက်ရှိအချိန်တွင် စီးရီးအေပြိုင်ပွဲ၌ အကောင်း ဆုံးတိုက်စစ် ကစားသမားများတွင် တစ်ဦးအပါအဝင် အဖြစ် ရပ်တည်နေသူဖြစ်သည်။
မာတီနက်ဇ်က “ကျွန်တော့်အနေနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ လမ်းဖွင့်ထားပါတယ်။ ကျွန်တော် ဒီအသင်းမှာကစားရတာ အရမ်းပျော်ပါတယ်။ မကြာခင် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ အသင်းနဲ့ ဆွေးနွေးသွား မှာပါ။ ကျွန်တော့်ဘက်က သက်တမ်းတိုးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အသင့်ပါပဲ” ဟု ပြောသည်။
မာတီနက်ဇ်သည် ၂၀၂၂ ခုနှစ် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့သည့်အတွက် အင်တာမီလန်အသင်း၌ ဆက်လက် ကစားခဲ့ကာ ယခုဘောလုံးရာသီတွင် လေးပွဲကစားပြီး ငါးဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။
Ref;Fabrizio Romano