အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၁

        ၂၀၂၃ ခုနှစ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖိတ်ခေါ်ဖလား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် မင်းမန္တလာ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နန်းမြို့လူငယ်(က)အသင်းနှင့် MANDALAR(FC)အသင်းတို့၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဆုဖလားရရှိသော အသင်းတို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

        အဆိုပါ တိုင်းမှူးဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း ၂ သင်း၊ မန္တလေးမြို့ပေါ်ရှိ ဘောလုံး ကလပ်အသင်း ၈ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၀ သင်းတို့ဖြင့် စက်တင်ဘာ ၄ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။