(၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

(၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၁

(၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နဝဒေအားကစားခန်းမ၌ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ကိုယ်စား) ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဆုပေးပွဲကိုပြုလုပ်ရာ ပြိုင်ပွဲအလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်း လိုက် ဆုရရှိကြသူများနှင့် ဒိုင်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) တိုင်းမှူးက တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ (၄၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အားကစားနည်း ၃ မျိုးနှင့် ပြိုင်ပွဲဝင် အသင်း ၁၆ သင်းတို့ဖြင့် စက်တင်ဘာ ၁၁ ရက်မှ ၂၀ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။