ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၁

        ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ဓမ္မာရုံ၌ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ သစ္စာမေတ္တာကမ္မဋ္ဌာန်းကျောင်းဆရာတော် အဂ္ဂမဟာဓမ္မကထိက၊ အဂ္ဂမဟာ ပရဟိတဓရ၊ကမ္ဘာ့ဗုဒ္ဓဂုဏ်ရည်ထူးချွန်ဘွဲ့ရ ဘဒ္ဒန္တခေမာနန္ဒ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သစ္စာမေတ္တာကမ္မဋ္ဌာန်းကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ကဿဖကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒ က ပဋ္ဌာန်း ဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်ဖတ်ကြားခြင်းနှင့် သံဃာတော်များ၊ ဧည့်ပရိ သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသကို သံပြိုင်ရွတ်ဆိုပူဇော်ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

        အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ ၂၇ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။