၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အားကစားအသင်းများအား တွေ့ဆုံ

၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အားကစားအသင်းများအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

        ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အားကစားအသင်းများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူ များ၊ အသင်းအုပ်ချုပ်သူအရာရှိများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား အင်အား ဖြည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများ၏ အခြေအနေများအား အသီးသီး တင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

        အဆိုပါ ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ကရာတေး၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် စသည့် အားကစားများအား ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။