ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းတို့ဖြင့် စက်တင်ဘာ ၂၈ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။