(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့၌ စုပေါင်း သွေးလှူဒါန်း

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့၌ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

        (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက် ပိုင်းတွင် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် နယ်မြေခံ တပ်မတော် ဆေးရုံတို့ရှိ သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့သွေးလှူဒါန်း နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ သွေးအလှူရှင်များအတွက် လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။