စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်မှ ကျေးလတ်နေ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ ပါဝင်သည့် နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ ပြန်လည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်မှ ကျေးလတ်နေ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ ပါဝင်သည့် နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ၊ မြို့ပေါ်နှင့် ကျေးလတ်နေဒေသခံပြည်သူ စုစုပေါင်း ၅၅၈၀ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်မှ ကျေးလက်နေ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် သွားရောက်ခဲ့သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆေးမှူးများ နှင့် သူနာပြုများပါဝင်သော အထူးဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြား ရေးမှူးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  တပ်မတော်အရာရှိကြီးများက  ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)၌ ကြိုဆိုနှုတ်ဆက်ကြသည်။

        ထို့နောက် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့အား တွဲဖက်စစ်ရေးချုပ်နှင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုအမှာစကားများ ပြော ကြားပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်ကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။

        အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့တွင် ဆေးကုသမှု ပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု အရာရှိ၊ စစ်သည်များပါဝင်ပြီး အဆိုပါအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ် ပါဝင်ပြီး စစ်ကိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့် ကျေးလက်နေဒေသခံပြည်သူ ၅၅၈၀ ဦး တို့အား စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ လိုအပ်သည့် ကျန်းမာရေး စောက်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထပ်ဆောင်းထိုးနှံရန် လိုအပ်သူ ၃၄၂ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

        ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၆၅ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၄၁၇ ဦး၊ ကလေးရောဂါ ၃၀၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၄၅ ဦး၊ အရိုးရောဂါ ၇၆၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄၈ ဦး၊ မျက်စိရောဂါ ၁၃၀၀ ဦး၊ သွားရောဂါ ၄၂၈ ဦး စုစုပေါင်းပြည်သူ ၅၅၈၀ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သာမန်ခွဲစိတ်လူနာ စုစုပေါင်း ၅၆ ဦး၊ မျက်စိခွဲစိတ်လူနာစုစုပေါင်း ၆၂ ဦး၊ ရွေ့လျားခွဲစိတ်ယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ် များဖြင့် ခွဲစိတ်ကုမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

        ထို့အပြင် ဓာတ်မှန်ရိုက်လူနာစုစုပေါင်း ၃၁၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာစုစုပေါင်း ၂၈၃ ဦး၊ Ultra-sound စမ်းသပ်လူနာစုစုပေါင်း ၄၂၈ ဦး နှင့် ဓာတ်ခွဲစမ်းသပ်မှု လူနာစုစုပေါင်း ၅၉၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်လျက်ရှိသည့် ဒေသခံ ပြည်သူ ၂ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ စနစ်တကျလွှဲပြောင်း ကုသမှု များဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဒေသခံပြည်သူ ၇၂၂ ဦးတို့ကို လူဝန်မှုကြီးကြပ်ရေး နှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

        တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ အရှန်အဟုန်မြှင့်တင်ရေးတွင် စဉ်ဆက်မပြတ် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။