ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကူညီကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကူညီကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်                            

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

        ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်း စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တွံ့တေးတူးမြောင်း မြစ်ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ မြစ်ကမ်းပါးအနီးတွင် ဆောက်လုပ် နေထိုင်လျက်ရှိသော နေအိမ် ၁၀ လုံးခန့် ပြိုကျပျက်စီးသွားခဲ့သည်။

        အဆိုပါ နေအိမ်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ သဘာဝဘေး အန္တရာယ်သင့် ပြည်သူများအား လွတ်ကင်းရာ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးသည်။ ထို့အပြင် ဒလမြို့နယ် တာကြီးရပ်ကွက်ရှိ ပုညာရာမ ကျောင်းတိုက် ဓမ္မဝိနယသာသနာ့ဗိမာန်တော်ကြီး၌ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးအဖွဲ့က သံဃာတော်များနှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

        ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု့အားပေးပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။                 

        ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။