ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် အင်္ဂပူ မြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့် မြို့နယ်နှင့် ငပုတောမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား အနောက် တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌လည်းကောင်း၊ အင်္ဂပူမြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ကွင်းကောက်မြို့၊ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ လည်းကောင်း ယနေ့တွင် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက သီးခြားစီ သွားရောက်တွေ့ဆုံ သည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အဖွင့်အမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။