ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌ အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ၊ မော်တော်ယာဉ်လမ်းများ ပုံမှန်ပြေးဆွဲလျက်ရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌ အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ၊ မော်တော်ယာဉ်လမ်းများ ပုံမှန်ပြေးဆွဲလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို လုံခြုံမှု အပြည့်အဝရရှိစေရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပြည်သူလူထု၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများ သက်သာ ချောင်ချိစွာဖြင့် အခြေခံစားကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ စားရေးကို အထောက်အကူဖြစ်စေခဲ့ကြောင်း သိရှိရ သည်။

၎င်းအပြင် ကြာအင်းဆိပ်ကြီးမြို့၊ သံဖြူဇရပ်မြို့နှင့် ကော့ကရိတ်မြို့တို့မှ ဘုရားသုံးဆူမြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများ၊ ကုန်စည်ပို့ဆောင်ရေး ယာဉ်များ၊ ခရီးသွားမော်တော်ယာဉ်များမှာလည်း ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သတင်း ရရှိသည်။