ဘန်လေအသင်းနှင့်ပွဲစဉ်တွင် ရလဒ်ထပ်မံဆိုးရွားမည်ဆိုပါက နည်းပြတန်ဟတ် မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေ
မန်ယူအသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ပြီးနောက် နည်းပြ တန်ဟတ်အတွက် ဖိအားများ စတင်ဝင်ရောက်ခဲ့ပြီး လာမည့် ဘန်လေအသင်းနှင့်ပွဲစဉ်တွင် ရလဒ်ထပ်မံ ဆိုးရွားမည်ဆိုပါက နည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ် ရှိနေကြောင်း သိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက အမ်မရာဘက်၊ ရီဂွီလွန်၊ ဘရီဒါ၊ အိုနာနာ၊ ဟော့လန်း၊ မေဆင်မောင့်အစရှိ သည့်ကစားသမားများကို ခေါ်ယူအင်အားဖြည့်တင်း ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံခြောက်ပွဲကစားခဲ့ရာ နှစ်ပွဲသာအနိုင်ရရှိပြီး လေးပွဲအထိရှုံးနိမ့်ပြီးနောက် ပြီးခဲ့သည့် ၁၉၈၆-၁၉၈၇ ဘောလုံးရာသီနောက်ပိုင်း နှစ်ပေါင်း ၃၇ နှစ်အတွင်း အဆိုးရွားဆုံးသော ရာသီအစနှင့်တွေ့ကြုံခဲ့ရသည်။
မန်ယူအသင်းအနေဖြင့် နောက်ဆုံးကစားသည့် ပွဲစဉ်သုံးပွဲဆက် ရှုံးနိမ့်ပြီးနောက် နည်းပြတန်ဟတ်အနေဖြင့် အနာဂတ်မရေမရာ ဖြစ်လာပြီး စက်တင်ဘာ ၂၄ ရက်တွင်ကစားမည့် ဘန်လေအသင်းနှင့် ပွဲစဉ်တွင်ရလဒ် ထပ်မံဆိုးရွားမည်ဆိုပါက မန်ယူအသင်းတာဝန်ရှိသူများက အသင်းနည်းပြနေရာအတွက် အပြောင်း အလဲပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
Ref;CBS Sports