အနောက်တောင်တိုင်းစစ်ဌာနချုပ် (၅၉)ကြိမ်မြောက် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ် (၅၉)ကြိမ်မြောက် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၃

          အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ (၅၉)ကြိမ်မြောက် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကွင်းကောက်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

          ဆုပေးပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်း လိုက်ဆုရရှိကြသူများအား တာဝန်ရှိသူများမှလည်းကောင်း၊ ဆင့်ပွားဒိုင်းဆုနှင့် ဒိုင်းဆု ရရှိသည့် ဟင်္သာတတပ်နယ်အသင်းကို တိုင်းမှူးကလည်းကောင်း ဆုများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆုပေးပွဲအပြီးတွင် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသား မီတာ ၁၀၀ ပစ်ခတ်စဉ်အား ကြည့်ရှုအားပေး ခဲ့ကြသည်။

          အဆိုပါ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ (၅၉)ကြိမ်မြောက် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား ၁၀ သင်းနှင့် အမျိုးသမီး ၁၀ သင်းတို့ဖြင့် စက်တင်ဘာ ၁၅ ရက်မှ ၂၂ ရက်ထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။