စစ်တွေမြို့၊ ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲပြုလုပ်၊ သံဃာတော်များအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကုသိုလ်ပြုဆောင်ရွက်

စစ်တွေမြို့၊ ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲပြုလုပ်၊ သံဃာတော်များအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကုသိုလ်ပြုဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၃

          အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း/ တပ်ဖွဲ့များ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သီရိမင်္ဂလာကုန်းရှိ ဓမ္မာစရိယ တက္ကသိုလ်ကျောင်းတိုက် သာသနဓဇ ဓမ္မဗိမာန်တော်၌ ပြုလုပ်ရာ စစ်တွေမြို့၊ ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်၊ ဓမ္မာစရိယ နိကာယ ကျောင်းတိုက်နှင့် မြောက်ဦးမြို့၊ ဓမ္မာစရိယသာမဏေကျော် ကျောင်းတိုက်များ၏ နာယကချုပ်၊ ဝါကျဥယျာဉ် ကျမ်းပြုဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝါကျဥယျာဉ်ကျမ်းပြု ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝါကျဥယျာဉ်ကျမ်းပြု ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လောင်းလှူကြ သည်။

          ထို့ပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်ရှိ သံဃာတော်များနှင့် ရှင်သာမဏေများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ထိုသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ် သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။