ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့် နွားနို့နှင့် ကြက်ဥများတိုက်ကျွေးခြင်း school Milk Program ပြုလုပ်

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့် နွားနို့နှင့် ကြက်ဥများတိုက်ကျွေးခြင်း school Milk Program ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၃

          ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါး တန်နှင့်ပြည့်စုံ၍ ပညာရေးတွင်ထူးချွန်သည့် လူငယ်၊ လူရွယ်များဖြစ်လာစေရန်၊ နိုင်ငံတော် အတွက် အားကိုးအားထားရသည့်လူငယ်/လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနနှင့် SunJin myanmar Company တို့ပူးပေါင်းပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများအား  အာဟာရပြည့် နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခြင်း school Milk Program ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် မြို့ရှိ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ SunJin myanmar Company မှာတာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာတိုင်းမှူးက school Milk Program ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားများ ပြောကြားပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်း သူများအား အာဟာရပြည့် နွားနို့နှင့်ကြက်ဉများကို အသီးသီးပေးအပ်ကြသည်။ ထို့နောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဉများအား လိုက်လံပေးဝေခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြ ကြောင်းနှင့် အဆိုပါ  school Milk Program တွင် ကျောင်းသား/ကျောင်းသူ (၁၇၁၄) ဦးကို  အာဟာရပြည့်နွားနို့ ၁၃၅ ပိဿနှင့် ကြက်ဥ ၁၇၁၄ လုံးတို့ကို ကျွေးမွေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။