(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းမှုများနှင့် သက်ကြီးဘိုးဘွားများအတွက် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းမှုများနှင့် သက်ကြီးဘိုးဘွားများအတွက် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

နေပြည်တော်၊  ၂၀၂၃ စက်တင်ဘာ - ၂၃

          (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံ ခုတင်(၇၀၀)၌ စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာ ၂၂ ရက်နေ့နှင့် ယနေ့တို့တွင် ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ နယ်မြေခံရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များက စုပေါင်းသွေး လှူဒါန်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်စီမ ံဆောင်ရွက်မှုဖြင့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု (အလှူဒါန)ပြုလုပ်ပွဲကို ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးနှင့် ကွပ်ကဲမှုအောက် ရုံး/ရဲစခန်းများ၊ တပ်ဖွဲ့များမှ  တပ်ဖွဲ့ဝင်များက တောင်ကြီးမြို့၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။

          အခမ်းအနားသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ရဲအရာရှိကြီးများ၊ ရဲတပ်ဖွဲ့ဝင်များက ပါဝင်အလှူဒါနပြုလုပ်ခဲ့ကြပြီး ရှမ်းရိုးမ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၁၉ ဦးတို့အား အလှူငွေ ၁၀ သိန်းကျပ်နှင့် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ၊ ဆေးဝါး၊ ခေါက်ဆွဲ၊ ကော်ဖီနှင့် မုန့်မျိုးစုံ၊ စုစုပေါင်း တန်ဖိုး (၂၄၀၇၀၀ဝိ/-) တို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။