မန်ယူအသင်းနှင့်လမ်းခွဲပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဂိုးသမားဒီဂီယာ ပွဲထွက်ခွင့် အာမခံချက် ပေးပြီး ကမ်းလှမ်းမည့်အသင်းမရှိပါက ကစားသမားဘဝမှ အနားယူရန်ပြင်ဆင်
မန်ချက်စတာ၊ ဘောလုံး
ပြီးခဲ့သည့်ဘောလုံးရာသီအကုန်က မန်ယူအသင်းနှင့်လမ်းခွဲပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဂိုးသမား ဒီဂီယာသည် ပွဲထွက်ခွင့်အာမခံချက်ပေး မည့်အသင်းသို့သာ ပြောင်းရွှေ့ကစားလိုနေပြီး ပွဲထွက် ခွင့်အာမခံချက်ပေးပြီး ကမ်းလှမ်းမည့်အသင်းမရှိပါက ကစားသမားဘဝမှ အနားယူရန်ပြင်ဆင် လျက်ရှိ ကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် ဒီဂီယာသည် အက်သလက် တီကိုအသင်းအကယ်ဒမီထွက် ဂိုးသမားတစ်ဦး ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၉ ခုနှစ် က အေတီကိုအသင်းနှင့်စတင်ခဲ့သော်လည်း အေတီကိုအသင်းတွင် သုံးနှစ်သာကစားခဲ့ပြီး ၂၀၁၁ ခုနှစ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်သည်။
ဂိုးသမားဒီဂီယာသည် မန်ယူအသင်း၌ ဆယ်စုနှစ်တစ်ခု ကျော်ကြာလက်စွမ်းပြကစားပြီး ဆုဖလား များစွာဆွတ်ခူးနိုင်ခဲ့ကာ ဘောလုံးရာသီတိုင်းတွင် အဓိကဂိုးသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သော်လည်း နည်းပြတန်ဟတ် လက်ထက်တွင် စိတ်ကြိုက်ကစား သမားမဟုတ်သည့်အတွက် ပြီးခဲ့သည့် ဘောလုံး ရာသီ အကုန်က အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဒီဂီယာကို ဘက်တစ်အသင်းက ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အဆင်ပြေမှုမရှိသေးကြောင်း သိရသည်။
Ref;Transfer Market