(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၅

        (၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် Theatre ခန်းမတွင် ပြုလုပ်ရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲ တွင်ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြသည်။

         ​ဦးစွာ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကား​​​​ ပြောကြား​သည်။ ထို့နောက် တပ်မတော်​ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး၊ တပ်မ​တော်​ဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တက်ရောက်လာကြသူများက အမှတ် တရ ဓာတ်ပုံများရိုက်ကူးကြသည်။

        (၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲကို The Power of Mentoring in Medical Education:  Supporting Student With Effective Mentoring Practice ခေါင်းစဉ်ဖြင့် ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခများနှင့် ဌာနမှူးတို့က ဦးဆောင်ဆွေးနွေးပြီး သင်တန်းသားများက Group work များ ​ပြုလုပ်​ပြီး Group အလိုက် Presentation များ ပြုလုပ်တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။